Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လေဆိပ်မှာ MNA လေယာဥ်စက်ချို့ယွင်းပြီးရပ်ထားတဲ့ MAI လေယာဥ်ကို ဝင်တိုက်မိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72 လေယာဉ်တစ်စင်းဟာ ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ရပ်နားထားတဲ့ MAI ရဲ့ Airbus A319 လေယာဉ်ကိုဒီ​​နေ့မနက်ပိုင်းမှာဝင်တိုက်မိခဲ့ပါတယ်။

​လေယာဥ်မ​တော်တဆဖြစ်ပြီး​နောက်​တွေ့ရစဥ်

ဧပြီ-၂၀၊၂၀၂၆။တာရာ၊သတိုး/People’s Spring

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72 လေယာဉ်တစ်စင်းဟာ ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ရပ်နားထားတဲ့ MAI ရဲ့ Airbus A319 လေယာဉ်ကိုဒီ​​နေ့မနက်ပိုင်းမှာဝင်တိုက်မိခဲ့ပါတယ်။

ဧပြီ ၂၀ ရက် မနက်ပိုင်းကအဲဒီမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပျံသန်းဖို့ လေယာဉ်ပြေးလမ်းသို့ ထွက်ခွာစဉ် ဘရိတ်ချို့ယွင်းသဖြင့် ထိန်းချုပ်မှုမရဘဲ ရပ်နားထားတဲ့ MAI လေယာဉ်ရဲ့ အမြီးပိုင်းကို ဝင်တိုက်မိခဲ့တာပါ။

အဲဒီနောက် အနီးရှိ ကုန်ပစ္စည်းတင်ဆောင်ရေးလှည်း (Baggage Cart)တစ်စီးကိုထပ်မံတိုက်မိပြီးမှ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဖြစ်စဥ်က​တော့ မှန်ပါတယ်။ ​လေယာဥ်နှစ်စင်းလုံးထိခိုက်မှုရှိတယ်။ ​​လေကြာင်းတာဝန်ရှိသူ​တွေက အ​သေးစိတ်စစ်​ဆေး​နေပါတယ်။ ပုံမှန်​လေယာဥ်မထွက်ခင် စစ်​ဆေးတာ​ရှိပါတယ်။ ဘာက ချို့ယွင်းတာလဲဆိုတာ​တော့ စစ်​ဆေးပြီးမှ သိနိုင်မယ်”လို့MNAတာဝန်ရှိသူတစ်ဦးက​ပြောပါတယ်။

ဖြစ်စဉ်ကြောင့်လေယာဉ်နှစ်စင်းလုံးမှာ ကိုယ်ထည်ပိုင်း ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ပေမယ့် ခရီးသည်များနဲ့ မြေပြင်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလေယာဉ်နှစ်စင်းလုံးကို စစ်ဆေးပြင်ဆင်ဖို့ ခေတ္တရပ်နားထားပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်​နေတယ်လို့ သိရပါတယ်။

​​လေယာဥ်ကွင်းတစ်ကွင်းလုံးမှာ ​လေယာဥ် အနည်းငယ်ပဲရှိပြီး ရပ်ထားတဲ့​လေယာဥ်ကိုမှ သွားတိုက်မိလို့ ပြည်သူအချို့ကလည်း​မေးခွန်းထုတ်​နေပါတယ်။

လေယာဥ်မ​တော်တဆမှုနဲ့ပတ်သက်ပြီး MNA ကဧပြီ ၂၀ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်တာမရှိ​​သေးပါဘူး ။

“MNAလေကြောင်းလိုင်းက တစ်ခုမဟုတ် တစ်ခု အမြဲ ပြဿနာဖြစ်တယ် ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုလဲ မရှိဘူး” လို့ ခရီးသည်တစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝယ်ပေးခဲ့သည့် လေယာဥ်နေရာတွင် အစားထိုးရန် Myanmar Airways International (MAI)က လေယာဥ်တစ်စီးကို ဝယ်ယူလိုက်သည်။

သတင်း

လေယာဥ်ခရီးသည်များအား အခွန်တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာသည်။

သတင်း

ပြည်ပမှပြန်လာသော သင်္ဘောသားအချို့အပါအဝင် လူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီးအဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

သတင်း

MAIဘဏ်အကောင့်များကို UOBက ပိတ်သိမ်းခြင်းသည် သယ်ယူပို့ဆောင်ရေး၊ခရီးသွားကဏ္ဍမှတဆင့် စစ်အုပ်စုရရှိသော နိုင်ငံခြား​ငွေပမာဏ အများအပြားကိုရပ်တန့်ခြင်း သည်ပုံပေါ်လာပြီ ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။