Connect with us

Hi, what are you looking for?

သတင်း

လေယာဥ်ခရီးသည်များအား အခွန်တိုးကောက်မည်ဟု ရန်ကုန်လေဆိပ်ကြေညာ

လေယာဥ်ခရီးသည်များအား အခွန်တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာသည်။

ဧပြီ ၂၃၊၂၀၂၅။ရဲခေါင်/People’s Spring

လေယာဥ်ခရီးသည်များအား အခွန်တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်အုပ်စုနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်သည်။

ကြေညာချက်အရ လာမည့်မေလ ၁၂ရက်ကစ၍ နိုင်ငံတကာထွက်ခွာမှုအတွက် ၂၅ဒေါ်လာနှင့် ပြည်တွင်းထွက်ခွာမှုအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ခရီးသည်များအနေဖြင့် နောက်ထပ်အချက်အလက်များအတွက် သက်ဆိုင်ရာလေကြောင်းလိုင်း သို့ မဟုတ် ခရီးသွားအေဂျင်စီများသို့ ဆက်သွယ်၍ Terminal ရှိ သက်ဆိုင်ရာငွေပေးချေမှုကောင်တာများတွင်ပေးချေရန် ဖော်ပြသည်။

“မဖြစ်သင့်တဲ့ ကိစ္စပါ ။လက်မှတ်ဖြတ်ကတည်းက လက်မှတ်ဖိုးထဲမှာ Airport Tax က ပါပြီးသားမို့ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါလို့ ပြောပါရစေ။ ပြည်သူတွေညီရင် မတရားမှူတွေ ခြစားမှုတွေကို ဥပဒေနဲ့ အညီတိုက်ဖျတ်နိုင်ရပါမယ်”ဟု ရန်ကုန်လေဆိပ်အသုံးပြုသူတစ်ဦးက လေဆိပ်ခွန်တိုးမြှင့်မှုအပေါ် ဝေဖန်သည်။

“Travel Agent ကိုမေးတာ ဘာမှမသိပါဘူးတဲ့။ ဘယ်မှာပေးရမှာလဲ မသိ။ အရင်က ဘယ်လောက်ကောက်လို့ အခုနှုန်းနဲ့ ဘယ်လောက် ထပ်ပေးရမှာလဲ မသိဘူး “ဟု ပြည်ပထွက်ခွာရန်စီစဥ်ထားသူ တစ်ဦးကလည်း ပြောသည်။

ယခု လေဆိပ်ခွန်သည် ပြည်တွင်းခရီးစဥ်အတွင်း ကျပ်သုံးထောင်နှင့်ပြည်ပခရီးစဥ်အတွက် ၁၀ ဒေါ်လာကောက်ခံမှုရှိကြောင်း ခရီးသွားအေဂျင်စီ အချို့က အသိပေးသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင်လော်စစ်ဟန်၏သား စတီပင်လော(ခ)ထွန်းမြင့်နိုင် ဦးစီးကာ လမ်း၊ဆိပ်ကမ်း၊လေဆိပ် လုပ်ငန်းများနှင့် စစ်ကောင်စီအတွက် လေယာဥ်ဆီတင်သွင်းပေးခြင်း၊အရန်ဆန်ရိက္ခာများသိုလှောင်ပေးခြင်းအပြင် ရှမ်း​ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်ကာ စစ်တပ်နှင့်ဆွေးနွေးရန် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA)ကို စာပို့ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပေါ်မှာခရီးသည်တစ်ဦး မီးဖွားခဲ့တဲ့နောက်ဗီယက်နမ်လေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ဟာရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။