Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ်အမျိုးသမီး လေယာဉ်ပေါ် မီးဖွားလို့ ရန်ကုန်လေဆိပ်မှာအရေးပေါ် ဆင်းသက်ခဲ့ရ

လေယာဉ်ပေါ်မှာခရီးသည်တစ်ဦး မီးဖွားခဲ့တဲ့နောက်ဗီယက်နမ်လေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ဟာရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

စက်တင်ဘာ-၇၊၂၀၂၆။People’s Spring

လေယာဉ်ပေါ်မှာခရီးသည်တစ်ဦး မီးဖွားခဲ့တဲ့နောက်ဗီယက်နမ်လေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ဟာရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဗီယက်နမ်လေကြောင်းလိုင်းရဲ့ခရီးစဉ်အမှတ် ၃၈ (VN 38) လေယာဉ်ဟာ စက်တင်ဘာ ၅ ရက်နေ့တုန်းက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့ကနေဗီယက်နမ်နိုင်ငံရဲ့ဟိုချီမင်းစီးတီးဆီကို ဦးတည် ပျံသန်းနေခဲ့ပါတယ်။

ပျံသန်းချိန် ၁၀ နာရီ ဝန်းကျင်လောက်အကြာမှာတော့လေယာဉ်ပေါ် ပါလာတဲ့ကိုယ်ဝန်ဆောင်ဗီယက်နမ် အမျိုးသမီးက ဗိုက်နာလာပြီးမီးဖွားခဲ့တာဖြစ်ပါတယ်။အမျိုးသမီး ဗိုက်နာလာတဲ့အခါ လေယာဉ်မယ်တွေက လိုအပ်တဲ့ ကနဦးကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့သလို ဆေးဖက်ဆိုင်ရာကျွမ်းကျင်တဲ့ ခရီးသည်တွေပါသလားဆိုတာမေးမြန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့လေယာဉ်အမှုထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းခရီးသည် ၅ ဦးတို့ရဲ့ အကူအညီ ပေးမှုကြောင့် ကလေးကို လေယာဉ်ပေါ်မှာအောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပါတယ်။ကလေးမွေးပြီးတဲ့အချိန်မှာ မိခင်ရဲ့ အခြေအနေကနောက်ထပ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုအပ်တယ်လို့ လေယာဉ်အမှုထမ်းတွေက ဆုံးဖြတ်ခဲ့တဲ့နောက် ဗီယက်နမ်ထိဆက်မသွားဘဲရန်ကုန်မှာလမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့တာဖြစ်ပါတယ်။

သတင်းကြိုရထားတဲ့အတွက်ဗီယက်နမ် လေကြောင်းလိုင်းဟာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မိခင်နဲ့ ကလေးကို ဆေးရုံပို့ပေးမယ့် အစီအမံတွေကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်။ လေဆိပ်ကို လေယာဉ်ဆင်းပြီးမကြာခင်မှာပဲ ကလေးရော၊ မိခင်ပါ ဆေးရုံတစ်ခုဆီ လွှဲပြောင်းပေးတာ ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့လေယာဉ်ဟာမူလခရီးဆီ ဆက်လက်ပျံသန်းပြီးညနေပိုင်းမှာတန်ဆွန်နတ်လေဆိပ်ကိုချောချောမောမောဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။

လေကြောင်းလိုင်းကတော့ ရုတ်တရက် ကြုံလာတဲ့ အခြေအနေ တစ်ခုမှာ ခရီးသည်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံဘေးကင်းမှုကို ဦးစားပေးဖို့ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ဖို့ လေယာဉ်အမှုထမ်းတွေက ဆုံးဖြတ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

ဗီယက်နမ်သတင်းဌာနတွေရဲ့အဆိုအရ ကလေးဟာ သတ်မှတ်ရက်ထက် စောပြီး ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၃၀ လောက်မှာ ဖွားမြင်ခဲ့သလို မီးဖွားပြီးစ မိခင်ရဲ့ ကျန်းမာရေး အခြေအနေတွေကလည်း မတည်ငြိမ်သေးတာကြောင့် နှစ်ဦးစလုံး ရန်ကုန်က ဆေးရုံတစ်ခုမှာ အထူးကြပ်မတ် စောင့်ရှောက်ကုသမှု ခံယူနေကြောင်း သိရပါတယ်။

ကိုးကား: Tuoitre

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72 လေယာဉ်တစ်စင်းဟာ ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ရပ်နားထားတဲ့ MAI ရဲ့ Airbus A319 လေယာဉ်ကိုဒီ​​နေ့မနက်ပိုင်းမှာဝင်တိုက်မိခဲ့ပါတယ်။

သတင်း

လေယာဥ်ခရီးသည်များအား အခွန်တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာသည်။

သတင်း

ပြည်ပမှပြန်လာသော သင်္ဘောသားအချို့အပါအဝင် လူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီးအဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။