Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ပြန်ထိန်းချုပ်နိုင်တဲ့ စစ်တပ်က အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါမြို့ဆက်ဦးတည်နိုင်

ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

(ရိဒ်ခေါ်ဒါရ်မြို့ နယ်စပ်တံတား၌ ချင်းအမျိုးသားအလံလွှင့်ထူနေစဉ်။ ဓာတ်ပုံ - Chinland Channel)

ဧပြီ – ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ချင်းတော်လှန်ရေးတပ်တွေ တနှစ်ကြာ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ၆လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၅ရက်မှာ ပြန်လည်ထန်းချုပ်နိုင်ခဲ့တာပါ။

လက်ရှိမှာ ဖလမ်းမြို့ကို ဝင်ရောက်နိုင်တဲ့ စစ်တပ်အင်အား ၃၀၀ကျော် ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ကတော့ စကစတော့ ပြန်ထိန်းချုပ်ပြီ။စကစ ဘယ်လိုမျိုးဆက်လုပ်မလဲဆိုတာတော့ အတိအကျ တော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ သုံးသပ်ချက်ကတော့ ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ်မှာ နေပြီးမှ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ရိဒ်ခေါ်ဒါမြို့ဘက်ကို သူတို့က စစ်ကြောင်းထိုးနိုင်ခြေရှိတယ်။” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဖလမ်းမြို့နယ်က မြို့တစ်ခုဖြစ်တဲ့ ရိဒ်ခေါ်ဒါမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၃ နိုဝင်ဘာမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ ဧပြီ၂၅ရက်က ဖလမ်းမြို့ကို ပြန်ထိန်းချုပ်နိုင်တယ်ဆိုပေမယ့် မြို့နေရာအချို့မှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့လို့ လေကြောင်းပစ်ကူ ပေးတိုက်ခိုက်ရတာတွေရှိတယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ထက်မနည်းရှိခဲ့ပြီး တိုက်ပွဲတွေအတွင်းမှာ ချင်းတော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုအချို့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရာမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိအခိုက်အကျအဆုံးများစွာ ရှိခဲ့ပါတယ်။ အင်အားထောင်ချီသုံးခဲ့ရတဲ့ ဖလမ်းထိုးစစ်အတွင်း စစ်တပ်က အင်အား ၅၀၀ လောက် သေဆုံးထိခိုက်၊ ထွက်ပြေးတာ တွေရှိခဲ့တယ်လို့ ချင်းတော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။ ခုခံတိုက်ပွဲ ၆လကျော်အတွင်းချင်းတော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။