Connect with us

Hi, what are you looking for?

News

လေးကေ့ကော်မြို့အနီး ယနေ့တိုက်ပွဲပြန်ဖြစ်၊ စစ်ရှောင် ၂,၀၀၀ ကျော်ရှိ

“အခုကတော့ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဂယက်ကြောင့် လူတွေက ကြောက်လန့်တာပေါ့ ရှောင်ကြတာပေါ့။ နယ်စပ်မှာပဲ ထိုင်းဘက်ရှောင်တဲ့အဆင့်တော့မရောက်သေးဘူး”ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - KIC

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ လေးကေ့ကော်မြို့အနီး၌ ယနေ့(ဒီဇင်ဘာ၁၆ရက်) တိုက်ပွဲ ပြန်ဖြစ်ပွားနေကြောင်း ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

“၉နာရီခွဲမှာ လေးကေ့ကော်မြို့ပြင်မှာ တိုက်ပွဲပြန်ဖြစ်နေတယ်။ အခုထက်ထိ ကြိုကြားကြိုကြား ဖြစ်နေတယ်။ ပဟိကလော် ဆိုတာ နီးနီးလေးပဲ မြို့ရဲ့အကွေ့နားလေးမှာပဲ”ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ – KIC

ဒီဇင်ဘာ ၁၄ရက်က လေးကေ့ကော်မြို့တွင်း ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည် မြို့ပြင်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၅ရက်နံနက်က စတင်သည့် တိုက်ပွဲဂယက်ကြောင့် လေးကေ့ကော်ဒေသရှိ ပြည်သူ ၂,၀၀၀ ကျော် မြန်မာ-ထိုင်းနယ်စပ်တွင် တိမ်းရှောင်နေကြရကြောင်း အဆိုပါ ကရင်တိုင်းရင်းသားက ပြောသည်။

“အခုကတော့ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဂယက်ကြောင့် လူတွေက ကြောက်လန့်တာပေါ့ ရှောင်ကြတာပေါ့။ နယ်စပ်မှာပဲ ထိုင်းဘက်ရှောင်တဲ့အဆင့်တော့မရောက်သေးဘူး”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် လေးကေ့ကော်မြို့တွင်း မြို့ပြင် နေရာ ၄ခုခန့်၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများ ဖမ်းဆီးခံရသူများရှိခဲ့သည်။

Public Service Announcement

KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသူများကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုဖြစ်ကာ အဆိုပါဒေသ၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။