Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှာ စစ်တပ် ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ အရပ်သား ထိခိုက်သေဆုံး

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

(အင်းတော်မြို့ထဲ ဝင်လာတဲ့ စစ်တပ်က သူတို့ကို ကြိုဆိုဖို့ တစ်အိမ်တစ်ယောက် အတင်းအကျပ်ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဓာတ်ပုံ - Screen-grab)

မေ-၁၃၊ ၂၀၂၆။ မိထက်/People’s Spring

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကြီးရွာမှာ တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားသုံးဦး မိုင်းနင်းမိတာလို့ သိရပါတယ်။

“စစ်တပ်က မြို့ထဲမှာ အခိုင်အမာတပ်စွဲထားပြီး ရွာတွေဘက်မှာ မိုင်းတွေ လိုက်ထောင်ထားတယ်။ ကန့်ကွက်မရဲဘူး။ ကန့်ကွက်ရင် ဖမ်းမှာ။ ဟိုတနေ့က မိုင်းကွဲတော့လည်း လာကြည့်ပြီး ပြန်သွားတာပဲ။ မိုင်းတွေက ကျန်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ဒီနေ့ မေလ ၁၃ရက် မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီဖြစ်စဉ်မှာ သေဆုံးသူတစ်ဦးကို ရွာမှာပဲ သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရသူနှစ်ဦးကို မြစ်ကြီးနားဆေးရုံဆီ ပို့ဆောင်ကာ ကုသနေတယ်လို့ သိရပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီမှာတော့ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့တာပါ။ အင်းတော်မြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် စစ်တပ်က Non CDM ဝန်ထမ်းတွေကို ပို့ဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးပမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook