မေ – ၁၄ ၊၂၀၂၆
တရုတ်နိုင်ငံဆီနိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာဘေဂျင်းမှာရှိတဲ့သမိုင်းဝင်ကောင်းကင်ဘုံကျောင်း(Temple of Heaven)ကိုအလည်အပတ်သွားရောက်ခဲ့ပါတယ်။
ထရမ့်ဟာမေလ ၁၄ ရက်မနက်ပိုင်းကဘေဂျင်းမှာတရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်အဲဒီအထင်ကရယဉ်ကျေးမှု အမွေ အနှစ်အဆောက်အအုံဆီ သွားရောက်လည်ပတ်ခဲ့တာပါ။
ထရမ့်နဲ့အတူရှီလည်းအဲဒီဘုရားကျောင်းဆီလိုက်ပါခဲ့ပါတယ်။

Public Service Announcement
ခေါင်းဆောင်နှစ်ဦးဟာနှစ်နာရီကျော်ကြာဆွေးနွေးမှုအပြီးမှာဘုံကျောင်းဆီသွားရောက်ခဲ့တာပါ။ ပြီးတော့ဘုံကျောင်းရှေ့ကရင်ပြင်မှာနှစ်ဦးအတူတွဲဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။
ကောင်းကင်ဘုံကျောင်းဟာတရုတ်ရဲ့အထင်ရှားဆုံးယဉ်ကျေးမှု အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။၁၅ ရာစု၊ မင်မင်းဆက် လက်ရာ ဘုံကျောင်းကြီးဟာ ရှေးဟောင်း တရုတ်မင်းတွေ ဝတ်ပြုဆုတောင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကောင်းကင်ဘုံကျောင်းကို ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်တွေ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီ ဘုံကျောင်းဟာ တရုတ်ရဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်ရာ နေရာတွေထဲက တစ်ခု ဖြစ်လာပါတယ်။
ကောင်းကင်ဘုံကျောင်းဟာ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံကြား ဆက်သွယ်မှုကို ကိုယ်စားပြုပြီး မင်နဲ့ ချင်မင်းဆက်တွေဟာ နိုင်ငံ သာယာဝပြောဖို့၊ သီးနှံတွေ အထွက်တိုးဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။
ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ် အတောအတွင်း ဘုံကျောင်းတဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားတာကိုလည်း တွေ့ရပါတယ်။ ကောင်းကင်ဘုံကျောင်းကို သွားရောက် လည်ပတ်ဖို့ ထရမ့်က စီစဉ်ခဲ့တာဟာ နှစ်နိုင်ငံကြား ယဉ်ကျေးမှု ပေါင်းကူးဖို့၊ ဆက်ဆံရေး တင်းမာမှုတွေကို လျှော့ချဖို့ သတင်းစကားတစ်ရပ်လည်း ဖြစ်နိုင်ကြောင်း လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
ထရမ့်ဟာ အဲဒီ သမိုင်းဝင် ဘုံကျောင်းကြီးဆီ သွားရောက် လည်ပတ်တဲ့ ဒုတိယမြောက် လက်ရှိ အာဏာရ အမေရိကန် သမ္မတလည်း ဖြစ်လာပါတယ်။
၁၉၇၅ ခုနှစ်မှာအမေရိကန်သမ္မတဂါရဲလ်ဖို့ဒ်ကလည်းကောင်းကင်ဘုံကျောင်းဆီအလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ဖူးပါတယ်။
ထရမ့်ဟာမေလ ၁၃ ရက်နေ့မှာဘေဂျင်းကိုဆိုက်ရောက်ခဲ့ပြီးမေလ ၁၅ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီဆီ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ကိုးကား – CGTN
























































