Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့တရုတ်နိုင်ငံခရီးစဉ်အဆုံးသတ်

တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ဆွေးနွေးမှုတွေအပြီးအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာအမေရိကန်ဆီပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

မေ – ၁၅ ၊၂၀၂၆

တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ဆွေးနွေးမှုတွေအပြီးအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာအမေရိကန်ဆီပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ထရမ့်ကိုတင်ဆောင်သွားတဲ့သမ္မတစီးတော်လေယာဉ် Air Force Oneဟာ မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဘေဂျင်းမြို့ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ဘေဂျင်းမှာ ရှိနေစဉ်အတွင်း ရှီနဲ့ ၂ ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဘေဂျင်း နိုင်ငံတကာ လေဆိပ်မှာတော့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ အပါအဝင် တရုတ် အစိုးရ အရာရှိတွေက ထရမ့်ကို တလေးတစား လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

Air Force One လေယာဉ်ရဲ့ အပြာနုရောင်အတိုင်း ဝတ်ဆင်ထားကြတဲ့ ကလေးတွေက အမေရိကန်နဲ့ တရုတ် အလံတွေကို ဝှေ့ယမ်းရင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သကြောင်း သံပြိုင် အော်ဟစ်နေခဲ့ကြပါတယ်။

ဘေဂျင်းကနေ မထွက်ခွာခင် ရှီနဲ့ မေလ ၁၅ ရက်နေ့၊ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုမှာထူးခြားကောင်းမွန်တဲ့ကုန်သွယ်ရေးသဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ထရမ့်ကပြောပါတယ်။ကောင်းတဲ့ကိစ္စတွေ အများကြီးဖြစ်ခဲ့ကြောင်း၊နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိမယ့်ထူးခြားကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုတချို့ ရရှိခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

သူဟာတရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေနေထိုင်ရာ ကျောက်နန့်ဟိုင် ဥယျာဉ်ဝင်းထဲကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ သူနဲ့ ရှီတို့ဟာ မေလ ၁၅ ရက်နေ့ ဆွေးနွေးမှုတွေကို အဲဒီနေရာမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ခရီးစဉ်ဟာမယုံနိုင်လောက်အောင်ထူးကဲခဲ့ပြီးကောင်းမွန်တဲ့အရာတွေအများကြီးကိုဆောင်ကြဉ်းနိုင်ခဲ့တယ်လို့ထရမ့်ကသတင်းထောက်တွေကို ပြောပါတယ်။

သူကရှီနဲ့ ဘယ်လိုကုန်သွယ်ရေးသဘောတူညီမှုတွေရရှိခဲ့သလဲဆိုတာကိုတော့ ချက်ချင်း အသေးစိတ် မပြောသေးပါဘူး။ ဒါပေမဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာတော့ တရုတ်ဟာ အမေရိကန်ဆီက အရပ်ဖက် လေယာဉ်တွေနဲ့ လယ်ယာထုတ်ကုန်တွေ၊ လောင်စာဆီတွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ထရမ့်က ပြောဆိုထားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးက တကယ့်ကို ခိုင်မာကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းပြီး ထူးကဲ အံ့ဩစရာ တချို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

သတင်းတွေရဲ့ အဆိုအရ ထရမ့်နဲ့ ရှီတို့ရဲ့ ဆွေးနွေးမှုမှာ အီရန်စစ်ပွဲကိစ္စ၊ ထိုင်ဝမ်အရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေဟာ အဓိက ခေါင်းစဉ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထရမ့်က စစ်ပွဲကြောင့် အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်စေဖို့အမေရိကန်နဲ့ တူညီတဲ့ဆန္ဒမျိုးတရုတ်မှာရှိနေတယ်လို့လည်း ပြောပါတယ်။ နောက်ပြီး တရုတ်က အီရန်ကို လက်နက် တပ်ဆင်ပေးတာမျိုး လုပ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကိုလည်း ရှီဆီကနေ ရရှိခဲ့ကြောင်း ထရမ့်က အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ထရမ့်ရဲ့ တရုတ်အပေါ် ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေကြောင့် စူပါပါဝါ နိုင်ငံကြီး နှစ်ခုကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပြီး အဲဒီနောက်ပိုင်း အခြေအနေတွေကို ပြန်လည် ထိန်းညှိဖို့ နှစ်ဖက်စလုံးက ကြိုးစားလာခဲ့ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...