Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ၃ရက်အတွင်း အမျိုးသား ၂ဦး ကြိုးဆွဲချသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ၃ရက်အတွင်း အမျိုးသား ၂ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(သေဆုံးသူရုပ်အလောင်းအား ဆေးရုံပို့ဆောင်စဥ်။ ဓာတ်ပုံ-ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်း)

မေ ၁၇၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ၃ရက်အတွင်း အမျိုးသား ၂ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းက မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နေအိမ်ထုပ်တန်းမှာ ပုဆိုးအသုံးပြုပြီး ကြိုးဆွဲချထားတဲ့ပုံစံနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မေလ ၁၃ ရက်မနက်ပိုင်းကလည်း ရန်မျိုးအောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီဆွဲသူအမျိုးသားတစ်ဦးလည်း နေအိမ်မှာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနက်စောစောစီးစီးတွေဖြစ်တာ။လူတွေဘယ်လောက် စိတ်တအားဖိစီးနေကြတယ်မသိဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးမှုတွေကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ဆိုပြီး ဖြစ်စဥ်အသေးစိတ် မသိရသေးပါဘူး။

နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်း မိမိကိုယ်ကိုသတ်သေခြင်းကြောင့် လူပေါင်း (၇၀၀,၃၀၀) ကျော် သေဆုံးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ (၇၇) ရာခိုင်နှုန်းသော မိမိကိုယ်ကို သတ်သေခြင်းတွေဟာ ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားနေကြောင်း၊ ဒါ့ကြောင့် အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးတွေ အဖက်ဖက်မှ ယိုယွင်းနေတဲ့ အခြေအနေတွေမှာ မိမိကိုယ်ကို သတ်သေမှုတွေ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရာတွေကို သတိပြုဆင်ခြင်မိကြပြီး တစ်ဦးနဲ့ တစ်ဦး ပံ့ပိုးဖေးမကာကွယ်သွားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွား​ရေးပျက်ကာ ​ငွေ​ကြေး​ဖောင်းပွပြီးကုန်​ဈေးနှုန်းကြီးမြင့်တာ၊အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာစတဲ့ပြသာနာ​တွေ​ကြောင့် ပြည်သူအများစုဟာ ​နေ့စဥ်စားဝတ်​နေ​ရေးအတွက်ကို​တောင် ခက်ခဲစွာရုန်းကန်​နေကြရပါတယ်။ဒါ့အပြင် စစ်တပ် ရဲ့စစ်မှုထမ်းဥပ​ဒေနဲ့ အမျိုးသား​တွေကို အဓမ္မဖမ်းဆီးတာ ၊​ပေါ်တာဆွဲတာ ၊စစ်သင်တန်း​ပေးပြီး ​ရှေ့တန်းကို အ​သေခံစစ်တိုက်ခိုင်းတာ​တွေ​ကြောင့် လူငယ်အများအပြားဟာ​နေရပ်က​နေ​ထွက်​ပြေး​နေရပြီး ကျန်​နေခဲ့တဲ့ အမျိုးသား​တွေဟာလည်း ဖိအား​တွေရင်ဆိုင်​နေကြရတယ်လို့ပြည်သူ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမှာ ပန်းရံအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။