Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ဘာသာရေးအရ အလေးအမြတ် ထားခံရတဲ့ ထာဝရမီးတောက် ထားရှိရာ ခန်းမဆောင်ကြီး မီးလောင်

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

ဂျပန်ရဲ့ ထင်ရှားတဲ့ ဗုဒ္ဓဘာသာဝင် ရဟန်းတော် အရှင်ကူကိုင်နဲ့ ပတ်သက် ဆက်နွှယ်မှု ရှိနေတဲ့ မီးတောက်ကို မီယာဂျီမာ မြို့မှာရှိတဲ့ အထွဋ်အမြတ် ခန်းမဆောင်ထဲမှာ ထိန်းသိမ်းထားခဲ့တာပါ။ နှစ်ပေါင်း ၁၂၀၀ နီးပါး သက်တမ်းရှိခဲ့တဲ့ အဆောက်အအုံကြီးဟာ မေလ ၂၀ ရက်နေ့ မီးလောင်မှုမှာ ပျက်စီးသွားခဲ့တာပါ။ မီးကိုတော့ မေလ ၂၁ ရက် မနက်ပိုင်းမှ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ရိုင်ကာဒို ခန်းမဆောင် မီးလောင်မှုဟာ အနီးမှာရှိတဲ့ မီဆန်တောင်နားက သစ်တောထဲထိ ပျံ့နှံ့ ရောက်ရှိသွားခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့တွေက ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။

အဲဒီမီးလောင်မှုဟာ အဆောက်အအုံထဲမှာ ထားရှိတဲ့ ထာဝရ မီးတောက်ကနေ စတင် ကူးစက်ခဲ့တယ်လို့ ယူဆရပေမယ့် အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။ ရဲတွေက မီးလောင်မှု ဖြစ်စဉ်အကြောင်း စုံစမ်း စစ်ဆေးနေဆဲလို့ ပြောကြားခဲ့ပါတယ်။ ခန်းမဆောင်ဟာ ၂၀၀၅ ခုနှစ်တုန်းကလည်း မီးလောင်မှု ကြုံခဲ့ဖူးပြီး ပြန်လည် ထိန်းသိမ်း မွမ်းမံထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဆောက်အအုံထဲမှာ ထားရှိတဲ့ ထာဝရ မီးတောက်ကိုတော့ ခန်းမဆောင်ရဲ့ တာဝန်ရှိသူတွေက ကူးယူ ရွှေ့ပြောင်းထားနိုင်ခဲ့ကြောင်း သိရပါတယ်။

ထာဝရ မီးတောက် ဆိုတာဟာ ဘုန်းတော်ကြီး အရှင် ကူကိုင်က ဗုဒ္ဓ တရားဓမ္မ အဆုံးအမတွေ စတင် ရွတ်ဖတ်ခဲ့ချိန်မှာ ထွန်းညှိခဲ့တဲ့ မီးတောက်ကို ရည်ညွှန်းတာပါ။ အဲဒီ အချိန်ကစပြီး နောက်ထပ် နှစ်ပေါင်း ၁၂၀၀ လောက် သက်တမ်းတလျှောက် အဲဒီမီးတောက်ကို ငြိမ်းမသွားအောင် မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့တာပါ။ ပြီးတော့ ဂျပန် ဗုဒ္ဓဘာသာရေးမှာ အရေးပါတဲ့ သင်္ကေတ တစ်ခုအဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။

ဘုန်းတော်ကြီး အရှင် ကူကိုင်ဟာ ရှင်ဂွန် ဗုဒ္ဓဘာသာရဲ့ အိုမူရို ဘုရားကျောင်းကို ခရစ် သက္ကရာဇ် ၈၀၆ ခုနှစ်မှာ ထူထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

စက်ရုံဝင်းထဲထိ ဝင်ပြီး လူ ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့နောက် ထွက်ပြေး လွတ်မြောက်သွားတဲ့၊ အံ့ဩစရာ ကောင်းလောက်အောင် ပါးနပ်လွန်းတဲ့ ဝက်ဝံတစ်ကောင်ကို ဂျပန်မှာ အပူတပြင်း လိုက်ရှာနေပါတယ်။