Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရှိနေချိန် အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်၊ သေနတ်သမား သေဆုံး

အိမ်ဖြူတော်နားမှာ ရှိနေတဲ့ လုံခြုံရေး အေးဂျင့်တွေကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ ကိုယ်ရံတော် အဖွဲ့ဖြစ်တဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ (USSS)က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

အိမ်ဖြူတော်နားမှာ ရှိနေတဲ့ လုံခြုံရေး အေးဂျင့်တွေကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ ကိုယ်ရံတော် အဖွဲ့ဖြစ်တဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ (USSS)က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၃ ရက်နေ့ ညနေပိုင်းလောက်က အမျိုးသား တစ်ဦးဟာ အိမ်ဖြူတော် လုံခြုံရေးဂိတ် တစ်ခုဆီ ချဉ်းကပ်လာပြီး အိတ်ထဲက သေနတ်ကို ရုတ်တရက် ဆွဲထုတ်ရင်း လုံခြုံရေး အရာရှိတွေကို စတင် ပစ်ခတ်ခဲ့ကြောင်း USSSက ဆိုပါတယ်။

USSSရဲက လုံခြုံရေး အေးဂျင့်တွေကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး သံသယရှိသူ အမျိုးသားကို ကျည်ဆန်တွေ ထိမှန်ခဲ့ကြောင်း၊ သူ့ကို နီးစပ်ရာ ဆေးရုံတစ်ခုဆီ အလျင်အမြန် တင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း USSSရဲ့ လူထုဆက်ဆံရေး အရာရှိချုပ် အန်သိုနီ ဂူဂလီရယ်မီက ပြောကြားခဲ့ပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဘေးလူတစ်ယောက်လည်း မတော်တဆ ကျည်ထိမှန်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ အရာရှိတွေ ဒဏ်ရာမရခဲ့ကြောင်းနဲ့ ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေကြောင်း ဂူဂလီရယ်မီက သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ချိန်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်ထဲမှာ ရှိနေခဲ့သလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး USSSက သူ့ကို အစီရင်ခံ တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ အိမ်ဖြူတော် သတင်းရင်းမြစ် တချို့ကတော့ သေနတ်သံ အချက် ၂၀ နဲ့ ၃၀ ကြားလောက် ကြားခဲ့ရတယ်လို့ ပြောပါတယ်။

အိမ်ဖြူတော် သတင်းထောက် တစ်ဦးဖြစ်တဲ့ ဆယ်လီနာ ဝမ်ကတော့ အိမ်ဖြူတော် ဝင်းထဲမှာ သတင်းထုတ်လွှင့်မှု ရိုက်ကူးနေတဲ့အချိန် သေနတ်သံတွေ ထွက်ပေါ်လာလို့ အပြေးအလွှား အကာအကွယ် ယူခဲ့ရတဲ့ ဗီဒီယို ဖြတ်ပိုင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါတယ်။

သတင်းတွေက သေနတ်သမားဟာ နက်ဆီရီ ဘက်စ်ဆိုတဲ့ အမျိုးသား တစ်ဦးဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် USSS အေးဂျင့်တွေက အိမ်ဖြူတော်ကို ပိတ်ချထားလိုက်ပြီး အဝင်အထွက် အားလုံးကို ယာယီ ပိတ်ဆို့ထားလိုက်ပါတယ်။

နောက်ပိုင်းမှာတော့ အိမ်ဖြူတော် အပြင်ဖက် ပလက်ဖောင်းမှာ မှုခင်းဧရိယာဖြစ်ကြောင်း သတ်မှတ်ထားတဲ့ တိပ်ကြိုးတွေ ချည်နှောင်ထားပြီး မှုခင်း အရာရှိတွေ စစ်ဆေးနေတာတွေကို တွေ့ခဲ့ရပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အိမ်ဖြူတော် အပြင်ဖက်မှာလည်း လုံခြုံရေး အင်အားကို အလုံးအရင်း ဖြန့်ကျက် ချထားကြောင်း သိရှိရပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook