Connect with us

Hi, what are you looking for?

News

အာရှလမ်း​ပေါ်ထိ​တွေ့ပစ်ခတ်မှု​ကြောင့် စစ်​ကောင်စီတပ်သား ၇ ဦး​သေဆုံးဟုဆို

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးတစ်ဦးနဲ့ ဒုတပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ဒုတပ်ရင်းမှူးအဆင့်ရှိသူလည်း ပါဝင်ခဲ့တယ်လို့ KNLA ထံကနေ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား မြဝတီ – ကော့ကရိတ် အာရှလမ်းမမှာ မ​နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီအချိန်ခန့်က ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမပေါ်က နေရာသုံးနေရာမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိသွားခဲ့တာပါ။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးတစ်ဦးနဲ့ ဒုတပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ဒုတပ်ရင်းမှူးအဆင့်ရှိသူလည်း ပါဝင်ခဲ့တယ်လို့ KNLA ထံကနေ သိရပါတယ်။

အာရှလမ်းမပေါ်မှာ KNLA တပ်နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြဝတီမြို့အနီး လေးကေကော်မြို့သစ်တိုက်ပွဲကို စစ်ကူသွားရောက်မယ့် အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။