Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တပ်အင်အားသာ မကဘဲ ဥရောပမှာ ဖြန့်ကျက်ထားတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေပါ လျှော့ချဖို့ အမေရိကန် စီစဉ်နေ

ဥရောပ နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေကိုသာ မကဘဲ တိုက်လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်တွေကိုပါ လျှော့ချသွားဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဥရောပ နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေကိုသာ မကဘဲ တိုက်လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်တွေကိုပါ လျှော့ချသွားဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

ဒါဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဥရောပနိုင်ငံတွေမှာ အမေရိကန် တပ်အင်အား ဖြန့်ကျက်ထားမှုတွေ လျှော့ချဖို့ ကြံစည်နေခြင်းရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ ဥရောပ နိုင်ငံတွေ အနေနဲ့ လုံခြုံရေး ကဏ္ဍမှာ ကိုယ်တိုင် တာဝန်ယူမှုတွေ ပိုမို တိုးမြှင့်သင့်ပြီလို့ သတိပေးထားသလို အမေရိကန်ရဲ့ မဟာဗျူဟာ ဗုံးကြဲ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေ ဖြန့်ကျက်ထားမှုကိုလည်း တဖြည်းဖြည်းချင်းစီ လျှော့ချမယ့်အကြောင်း အသိပေးထားတယ်လို့ Politicoက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ မူဝါဒရေးရာ ဒါရိုက်တာတွေ တံခါးပိတ် ဆွေးနွေးကြရမှာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် အကြံပေး အရာရှိ အလက်ဇန္ဒား ဗီးလက်ဇ် ဂရင်းက ဥရောပ မဟာမိတ် နိုင်ငံတွေဆီ အခုကိစ္စကို အသိပေးခဲ့တာလို့ အမည်မဖော်လိုသူ သံတမန်ရေး သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်သည်တွေထဲက ၅၀၀၀ လောက်ကို ထုတ်နုတ် ရုပ်သိမ်းမယ်လို့ ကြေညာထားပါတယ်။ အလားတူ ပိုလန်မှာ အမေရိကန် တပ်အင်အား ၄၀၀၀ လောက် တိုးမြှင့်ဖြန့်ကျက်မယ့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီးမှ စိတ်ပြောင်းသွားပြီး တပ်အင်အား ၅၀၀၀ တိုးမြှင့်ပို့ဆောင်မယ်လို့ ကြေညာခဲ့ပြန်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ သူနဲ့ ပိုလန်သမ္မတကြားက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေပြုပြီး ရွေးချယ်ခဲ့တာလို့ ထရမ့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Politicoရဲ့ သတင်းရင်းမြစ်တွေကတော့ ဥရောပက တပ်အင်အားတွေ ထုတ်နုတ်လျှော့ချရေး ထရမ့်ရဲ့ ရည်မှန်းချက်ဟာ စစ်သည် အရေအတွက်သာ မကဘဲ စစ်လက်နက်တွေနဲ့ပါ ပတ်သက်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ တိကျတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပေမယ့်လည်း အမေရိကန်ရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ ပိုပြီး ထင်ရှားလာတယ်လို့ NATO သတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။

ထရမ့်ဟာ ဥရောပရောက် အမေရိကန် စစ်လက်နက်တွေကို ရုပ်သိမ်းလိုပေမယ့် ကာကွယ်ရေး အစီအမံတွေကို ပြောင်းလဲဖို့က အရှုပ်အထွေးတွေ ရှိနေတာကြောင့် တိကျတဲ့ အချိန်ကာလတစ်ခု သတ်မှတ်ဖို့ ခက်ခဲနေကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေစာ နောက်လမှာ ကျင်းပမယ့် NATOရဲ့ Force Generation ညီလာခံမှာ ဆက်လက် ဆွေးနွေးကြဖွယ် ရှိကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ဥရောပကနေ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ ရုပ်သိမ်းဖို့ အစီအစဉ်တွေ ရှိလာဦးမယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း အသိပေးသွားပါတယ်။

ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်အင်အားကို ပြန်လည် ချိန်ညှိသွားမယ် ဆိုတာကို ဥရောပ မဟာမိတ်တွေလည်း သဘောပေါက်ထားကြောင်း၊ ပြီးတော့ လုပ်စရာ ရှိတာတွေကိုလည်း စလုပ်နေကြောင်း၊ ဥရောပ နိုင်ငံတွေက ဒီကိစ္စကို စိတ်လှုပ်ရှား ကျေနပ်နေမှာ မဟုတ်မှန်း သူနားလည်ပေမယ့် ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဥရောပဖက်က သဘောပေါက်ထားပြီး ဖြစ်ကြောင်း ရူဘီရိုက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

NATO ပြောရေးဆိုခွင့်ရ အရာရှိ အလီဆန် ဟတ်ကတော့ မဟာမိတ် အင်အားစုဟာ အမေရိကန်ရဲ့ စွမ်းဆောင်ရည်အပေါ် လွန်လွန်ကဲကဲ မှီခိုခဲ့ရတာတွေ ရှိတယ်ဆိုပေမယ့် အခုအခါ ဥရောပ နိုင်ငံတွေရော၊ ကနေဒါပါ ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုရော၊ စစ်ရေးစွမ်းရည်ကိုပါ ချဲ့ထွင်နေကြောင်း၊ ဒါကြောင့် တာဝန်ခွဲဝေယူမှု ဟန်ချက်ဟာ ပိုမို ညီမျှလာမယ်လို့ မျှော်လင့်ကြောင်း Politicoဆီ မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။