Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇွန်-၁၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မေလ ၃၁ရက်က ကျောက်ပန်းတောင်းမြို့နယ်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး မြင်းခြံကုန်းရွာဘက်ရောက်နေတယ်လို့ သိရပါတယ်။

ဘုရားလှကျေးရွာဘက်ကလာတဲ့ စစ်ကြောင်းဟာလည်း ခြုံကြီးရွာကနေ ညောင်တိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး နေအိမ်တချို့မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဝဲလောင်- တောင်သာလမ်းပိုင်းက စစ်ကြောင်းကလည်း ကိုင်းချောင်းတံတားထိပ်မှာ ဂိတ်ချပြီး လမ်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၃၁က် ည ၇နာရီမှာလည်း တံတားကျေးရွာရဲ့အရှေ့ဘက်က မုန်ရိးရွာရဲ့တာဝါတိုင်အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတာမို့ ထိခိုက်ဒဏ်ရာရသူ‌တွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ အဲဒီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်တပ်က နတ်စောင့်ခွဲရုံ၊နွားထိုးကြီးမြို့ဘက်ကနေ ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်တာတွေလည်းရှိ တယ်လို့ သိရပါတယ်။

” ဘာလို့စစ်ကြောင်း တွေထိုးလဲဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။ကြားတာကတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးတယ်လို့လည်း ပြောတယ်။တဖက်မှာလည်း NUGစာသင်ကျောင်းတွေ မဖွင့်‌ အောင် ကျေးရွာတွေဘက်က စာသင်ကျောင်းတွေကို ဟောင်ဝစ်ဆာတွေနဲ့ပစ်တယ်”လို့ ဒေသခံက ပြောပါတယ်။

ဇွန်လ ၁ရက် ဒီနေ့မနက်ပိုင်းကပစ်ခတ်တဲ့ ဟောင်ဝစ်ဆာ ၅လုံးမှာ ၂လုံးဟာ တောင်သာမြို့နယ်က စာသင်ကျောင်းပေါ် ကျပြီး ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။