Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံမည့်ဥပဒေ ကြမ်းတစ်ရပ်ကို ကန်လွှတ်တော်အတည်ပြု

အထက်လွှတ်တော်အမတ် McConnell သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းရှည်ကြာ ရပ်တည်ထောက်ခံပေးခဲ့သူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်အလုပ်လုပ်ခဲ့သူဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံး​ရှေ့သွား​ရောက်ဆန္ဒပြ​တောင်းဆို​နေသည်ကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

–စစ်တပ်ကို ထပ်တိုးဒဏ်ခတ်အရေးယူရေးနှင့် ကျူးလွန်မှုများအတွက် တာဝန်ခံစေရေးအချက်များ ဥပဒေကြမ်းတွင် ထည့်သွင်းထား

မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံမည့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်ကအတည်ပြုလိုက်ပြီး သမ္မတလက်မှတ်ရေးထိုးရန် ပေးပို့ထားကြောင်း အထက်လွှတ်တော်အမတ် McConnell က ထုတ်ပြန်သည်။

မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုဒဏ်ခတ်အရေးယူရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီအင်အားစုများကို အားပေးထောက်ခံရေးအပါအဝင် ဒီမိုကရေစီလမ်း ကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရန် အမေရိကန်အစိုးရက လုပ်ဆောင်ရမည့်အချက်များ ထည့်သွင်းရေးဆွဲထားသည့် NDAA(National Defense Authorization Act)ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့ တရားမဝင်၊ ရွေးချယ်ခံမဟုတ်တဲ့ စစ်ကောင်စီက တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကိုဆန့်ကျင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ နောက်ပြီး အရပ်သားတွေအပေါ် သူတို့ကျူးလွန်နေဆဲ အဆင်ခြင်မဲ့အကြမ်းဖက်မှုတွေနဲ့ သူတို့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ် တရားစွဲဆိုခြင်းတွေကိုလည်း ရှုတ်ချပါတယ်။ ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ဆိုရင် NDAA လုပ်ငန်းစဉ်ကတဆင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ရဲ့အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုဖို့ လွှတ်တော်နှစ်ရပ်ရဲ့ကြိုးပမ်းမှုကို ကျွန်တော် ဦးဆောင်ခဲ့ပါတယ်”ဟု အထက် လွှတ်တော်အမတ် McConnell က ပြောသည်။

Public Service Announcement

Public Service Announcement

သမ္မတဘိုင်ဒန် အတည်ပြုလက်မှတ်ရေးထိုးပြီးပါက လာမည့်နှစ်တွင် စတင်အသက်ဝင်မည့် အထက်ပါဥပဒေ ကြမ်းတွင် အမေရိကန်နှင့် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူထားမှုများ၏ သက်ရောက်မှုများကိုဆန်းစစ်ခြင်းနှင့် ထပ်တိုးဒဏ်ခတ်အရေးယူမှုများလုပ်ဆောင်ရေး၊ စစ်ကောင်စီ၏ တရားဝင်မှုကို ငြင်းပယ်သည့်တပြိုင်နက် NUG နှင့် အခြားသော ဒီမိုကရေစီအင်အားစုများကို အားပေးထောက်ခံရေး အချက်များပါဝင်သည်။

ထို့အပြင် စစ်တပ်၏ ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိ စေရေး၊ တိုင်းရင်းသားအဖွဲ့များအကြား စစ်မှန်သည့်အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ်ရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရေး အချက်များလည်းပါဝင်သည်။

အထက်လွှတ်တော်အမတ် McConnell သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းရှည်ကြာ ရပ်တည်ထောက်ခံပေးခဲ့သူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်အလုပ်လုပ်ခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

နိုင်ငံတကာ

သတ်မှတ်ထားတဲ့ အသုံးစရိတ် ကုန်သွားလို့ အစိုးရနဲ့ လွှတ်တော် လုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ့် အခြေအနေကို အမေရိကန် လွှတ်တော် အမတ်တွေ ညှိနှိုင်းပြီး ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ဘာသာပြန်ဆောင်းပါး

ဗြိတိန် အခြေစိုက် Jane’s Intelligence ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ အန်သိုနီ ဒေးဗစ်ကတော့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခန့်မှန်း အင်အားက ၇၅၀၀၀ လောက် ရှိခဲ့နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။