Connect with us

Hi, what are you looking for?

သတင်း

ကောင်းတပ်ရွာ TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြန်ထူထောင်ရေး KIO ကျပ်သိန်း ၅၀၀ လှူဒါန်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

(ကောင်းတပ်ရွာ TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြန်ထူထောင်ရေးအတွက် KIO က ကျပ်သိန်း ၅၀၀ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - ဒေသခံ)

ဇွန် ၇၊ ၂၀၂၆။ ထားမြတ်၊​ဇော်ရမ်း/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

ထိခိုက်သူတွေအတွက် ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသအသီးသီးကနေ အလှူငွေပေးပို့နေတာတွေရှိပြီး KIO အစိုးရကလည်း ကျပ်သိန်း ၅၅ဝ ထောက်ပံ့တာလို့ ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီကဇွန်လ ၇ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက်က ကောင်းတပ်ရွာမှာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ဦးထက်မနည်းရှိခဲ့ပြီး ၁၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကောင်းတပ်ရွာဘေးသင့်သူများ ပြန်လည် ထူထောင်ရေးအတွက် KIO ဗဟို ကော်မတီက ဇွန်လ ၆ရက်မှာ အလှူငွေ သွားရောက်လှူဒါန်းခဲ့တာပါတယ်။

​ကောင်းတစ်ရွာပေါက်ကွဲမှုမှာ ဒေသခံပြည်သူ ၄၃ ဦး​သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရတယ်လို့ TNLA ကထုတ်ပြန်ခဲ့ပေမယ့်တအာင်းပြည်ကောင်စီ(TLC) က​တော့၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ သေဆုံးသူ ၆၀ထက်မနည်းရှိပြီး ဆေးကုသမှုခံယူနေသူ ၇၀ခန့်ရှိတယ်လို့ ​ပြောပါတယ်။

ပေါက်ကွဲအား ပြင်းထန်တာကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ပတ်ချာလည်က အိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး နောက်ထပ်တစ်ရာကျော်ခန့်က အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူကပြောပါတယ်။

အိမ်ပျက်စီးလို့နေစရာမရှိတော့သူတွေကိုTNLAက နေရာချထား‌ရေးဆောက်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ရွာလုံးကျွတ်နီးပါး အိုးမဲ့၊အိမ်မဲ့ဖြစ်ရပြီး အဲဒီအတွက် ကူညီပေးနိုင်ဖို့ မြို့ခံတွေကလည်း ကြိုးပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး သက်ဆိုင်သူတွေကို အရေးယူသွားမယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။တအာင်းတပ်မတော်(PSLF/TNLA)ခေါင်းဆောင်ပိုင်းအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိဖို့၊ တာဝန်ရှိသူ တွေကို ဥပဒေနဲ့အညီ အရေးယူဖို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်း‌‌ရေးနဲ့ လုံခြုံရေးကိုအထူးဂရုပြုလုပ်ဆောင်ဖို့တအာင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။

KIO က​ကောင်းတစ်ရွာအတွက် အလှူ​ငွေ​ပေးတာနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တဦးက

“အခုလို KIO ဗဟိုကနေ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲ ဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ လူသားချင်းစာနာ ထောက်ထားမှု မေတ္တာစေတနာတွေ ပြသကူညီနိုင်တာဟာ နိုင်ငံရေးရင့်ကျင့်မှု အပိုင်းလည်းဖြစ်တယ် တဖက်က လူသားပီသခြင်းလည်းဖြစ်တယ်။ မဟာမိတ်အဖြစ်ဆက်လက်ရပ်တည်နေတယ်ဆိုတဲ့ သက်သေလည်းဖြစ်တယ်”လို့ပြောပါတယ်။

KIAနဲ့ TNLA တို့ဟာ ၂၀၂၄နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းတွေမှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုကြောင့် ရှမ်းမြောက်ဒေသမှာ အောက်ခြေတပ်ဖွဲ့တွေအကြား ပြဿနာအချို့ရှိခဲ့ပေမယ့် ပြဿနာတွေကို ဆွေးနွေးဖြေရှင်းခဲ့ကြလို့ သေနတ်ပေါက်တာ တိုက်ပွဲဖြစ်တာတွေမရှိခဲ့ပါဘူး။

KIO/KIAနဲ့ PSLF/TNLAတို့ဟာ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပြီး အခုနှစ်ထဲမှာ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်မှာ နမ့်ခမ်းမြို့ကိုလည်း ဝင်ရောက်ခဲ့ပါသေးတယ်။

KIAနဲ့ TNLA အကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းမှုတွေ ပြန်လည်လုပ်ဆောင်နိုင်ပါက ရှမ်းမြောက်က ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ခုခံကာကွယ်နိုင်မယ်လို့ မြင်ကြောင်း သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။

“နယ်မြေပိုင်းဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကြောင့် TNLAနဲ့ KIA အကြား မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စရပ်တွေ ဘယ်လောက်ပဲ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်ခဲ့ KIAနဲ့ TNLAဟာ ထာ၀ရ မဟာမိတ်အနေနဲ့ အတူတကွ ရပ်တည်ကြဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ TNLAနဲ့ KIAဟာ ထာ၀ရ မဟာမိတ်အဖြစ် အမြဲတမ်း ထာ၀ရ ဆက်လက်ရှိနေမယ်ဆိုတဲ့ ပူးတွဲထုတ်ပြန်ချက်တွေ ဆက်လက်ထုတ်ပြန်လာနိုင်ရင်တော့ အချို့သော လူမျိုးစုတွေအကြား ဒီလူမှုကွန်ရက်စာမျက်နှာတွေမှာ အမုန်းပွားစရာတွေ ရေးသားငြင်းခုန်နေတဲ့အရာတွေ လျော့ကျသွားနိုင်ခြေရှိပါတယ်။ပထဝီဝင် စစ်ရေး နိုင်ငံရေးအရရော ရှမ်းမြောက်ရဲ့ အနေအထားအရရော TNLAနဲ့ KIAဟာ ပေါင်းကို ပေါင်းမှ ဖြစ်မယ့်အနေအထားပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူလူထုတွေ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားပြီး တအာင်းနဲ့ ကချင်တပ်တွေ အကြား စစ်ရေး၊နိုင်ငံရေး မဟာမိတ်အဖြစ် ရပ်တည်နေဖို့ လိုကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။