Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာမိုးကြီးပြီးရေဘေးကြုံ

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

(ဖားကန့်မြို့မှာ မိုးများပြီး ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၄၊၂၀၂၆။စိုင်းနော်/People’s Spring

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

အေးမြသာယာရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ ယခုတကြိမ်ရေဘေးဟာ ၂၀၂၆ မိုးရာသီမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“နှစ်ထပ်အိမ်တွေဆိုအိမ်အောက်ဖက်တွေနေလို့မရတာတွေဖြစ်တယ်။ သူတို့ကတော့ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘေးလွတ်ရာကိုသွားနေကြရတယ်။ မိုးကမရပ်သေးဘူး။ ပိုဆိုးလာရင်တော့ ရေဘေးစခန်းဖွင့်ရမှာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အထက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လဆန်းကစတင်ပြီး မိုကြီးခဲ့တာကြောင့် မေခနဲ့ မလိခမြစ်ရေများပြီး ဧရာဝတီမြစ်ရေလည်းမြင့်တက် လာပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှု ရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။