Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံတွင်းက တရုတ်လုပ်ငန်း​တွေနဲ့ တရုတ်ဝန်ထမ်း​တွေလုံခြုံ​ရေးအစွမ်းကုန်ကာကွယ်​မယ်လို့ တရုတ်သမ္မတကို မင်း​အောင်လှိုင်ကတိ​ပေး

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

(အာဏာသိမ်း​ခေါင်း​​ဆောင် နဲ့ တရုတ်သမ္မတ။ဓါတ်ပုံ-တရုတ်သံရုံး )

ဇွန်-၁၆၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ၅ရက်ကြာ တရုတ်ခရီးစဥ် ဒုတိယမြောက်နေ့ ဇွန်လ ၁၆ရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့တို့အတွက် တရုတ်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် သွား​ကြောင်းအာဏာသိမ်း​ခေါင်း​ဆောင်က ​ပြောတယ်လို့ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ One China Policyကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်နေပြီး နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ ရှာဖွေဖော်ထုတ်နေတယ်လို့လည်း သမ္မတအမည်ခံ စစ်ခေါင်းဆောင်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲ တည်ဆောက်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအဆင့်အတန်းကို မြှင့်တင်ဖို့ မျှော်လင့်ကြောင်းနဲ့ တရုတ်နိုင်ငံနဲ့အတူ ဘက်စုံဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုကြောင်း မင်းအောင်လှိုင်က သမ္မတရှီကို ပြောပါတယ်။

တရုတ်သမ္မတရှီက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကိုအိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒရဲ့အရေးကြီးသောနေရာမှာ ထားရှိကြောင်းနဲ့ တရုတ်ဟာ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးမူကို စွဲမြဲစွာ လိုက်နာတယ်လို့ ပြောပါတယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတရပ်လုံးကို ဦးတည်တယ်လို့ ဆိုပါတယ်။

မြန်မာ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်က ခိုင်မာစွာ ထောက်ခံကြောင်းနဲ့ မြန်မာအစိုးရသစ်က ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့ကို ဟန်ချက်ညီညီ စီမံဆောင်ရွက်ကာ နိုင်ငံတော်အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထု ထောက်ခံအားပေးတဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခြင်း ကိုထောက်ခံတယ်လို့ တရုတ်သမ္မတကဆိုပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံဟာ မဟာဗျူဟာမြောက် မြင်ကွင်ရှင်းလင်းပြတ်သားမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာ နှစ်နိုင်ငံ Belt and Road ပူးတွဲတည်ဆောက်ရေးရဲ့ အထင်ကရစီမံကိန်းဖြစ်တာကြောင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်တဲ့ အာမခံချက်အောက်မှာ အရေးကြီးစီမံကိန်းများ တည်ဆောက်မှုကို တည်ငြိမ်စွာ အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတို့ရဲ့ လူနေမှုဘဝ မြှင့်တင်ရေးကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်လို့ တရုတ်သမ္မတက ဆက်ပြောပါတယ်။

နှစ်နိုင်ငံစလုံးဟာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုစတဲ့ ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန်ဆက်လက်နှိမ်နင်းသွားရမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း သမ္မတရှီက ပြောပါတယ်။

ဆက်လက်ပြီး တရုတ်သမ္မတက မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းဘက်အသီးသီးတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တဆင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေရှည်တည်ငြိမ်အေးချမ်းမှုကို ရရှိဖို့ တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းနဲ့ အဲဒါက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုရဲ့ အခြေခံကျပြီး ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း ပြောပါတယ်။

ဒီနေ့တွေ့ဆုံမှုအတွင်း ပို့ဆောင်ဆက်သွယ်ရေး၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေး စတဲ့ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုစာချုပ် အများအပြားကိုလည်း သမ္မတရှီနဲ့ အာဏာသိမ်းခေါင်းဆောင်တို့ရှေ့မှောက်မှာလက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။ဒါ​ပေမယ့် လက်မှတ်​ရေးထိုးခဲ့တဲ့ သ​ဘောတူညီချက် နဲ့ နားလည်မှုစာချွန်လွာအ​သေးစိပ်ကို​တော့မ​ဖော်ပြထားပါဘူး။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က တရုတ်စီမံကိန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေလုံခြုံ​ရေးကိုအာမခံတယ်ဆို​ပေမယ့် ကျောက်ဖြူ​ရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွား​ရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်း​တွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်ကို အာရက္ခတပ်​တော်(AA)က သိမ်ူပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါအပြင် AA က အခုလပိုင်းမှာ ​ကျောက်ဖြူ ၊စစ်​တွေ မြို့​တွေက စစ်တပ်စခန်း​တွေကို အရှိန်မြှင့်ထိုးစစ်ဆင်​နေပါတယ်။

အလားတူ တရုတ်နိုင်ငံက မြန်မာနိုင်ကအဓိကဝယ်ယူ​နေတဲ့ ​မြေရှားဓါတ်သတ္ထု​တွေဆိုရင်လည်း ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) ကထိန်းချုပ်​ဒေသ​တွေမှာအဓိကထွက်ရှိ​​နေတာဖြစ်ပါတယ်။

ဒါအပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း တ​လျှောက် ​ဒေသအများအပြားကို​တော်လှန်​ရေးတပ်​တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်း​တော်လှန်​ရေးတပ်​​တွေစိုးမိုးထားတဲ့ ​ဒေသ​တွေမှာရှိ​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။