Connect with us

Hi, what are you looking for?

သတင်း

မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(မြဇီးတောရွာ စစ်တပ်မီးဝင်ရှို့သွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ- We Love Myaing)

ဇွန်-၁၇၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြဇီးတောကျေးရွာကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၆ရက် ညပိုင်းမှာ ဝင်ရောက်ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်ခန့်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းရှိ ဇရပ် ၂ ဆောင်၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဖောကား ၁ စီး၊ မြေတူးစက် (ခွေးတူဝက်တူ) ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ မော်တော်ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂမျိုးစုံနဲ့ စားနပ်ရိက္ခာ အမြောက်အမြား မီးလောင်ပျက်စီးဆုံးရှူံးခဲ့ကြောင်း We Love Myaing အဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ တမင်ကို ရှို့သွားတာပါ။အဲဒီစစ်ကြောင်းက တစ်ကြောင်းက မြေရင့်ရွာ၊ တစ်ကြောင်းက နှမ်းဆီကန်တောတိုက် ရောက်နေတယ်။ မြဇီးတောမှာလည်း ကျန်ဦးမယ်ထင်တယ်”လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဇွန်လ ၁၄ ရက်ကတည်းက စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကတဆင့် ကမ္မမြို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။