Connect with us

Hi, what are you looking for?

LuduNwayOo

News

နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က ငါးကြိမ်​မြောက်ထပ်မံမီးရှို့၊ အမျိုးသားတစ်ဦး​သေဆုံး

“နှမ်းခါးရွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တောင်ဘက် မကျည်းပင်အောက် လူငယ် အလောင်းတစ်လောင်း ရှိတယ်။ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကားနားတွင် လည်း နောက်ထပ်ရှစ်လောင်း တွေ့ရှိပါတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူထုနွေဦးသို့အတည်ပြုပြောသည်။

(နှမ်းခါးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး​နေသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်)

မ​ကွေးတိုင်း ဂန့်​ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့​နေပြီး ဒေသခံများထွက်ပြေးစဥ် ကူညီခဲ့သူအမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက လူထုနွေဦးသို့ အတည်ပြုသည်။

“တစ်ဖက်ရွာတွေကို ဖြတ်ပြေးတဲ့အချိန်မှာ ဒေသခံတွေကို ကူးတို့နဲ့ ရနိုင်သလောက်ပို့ပေးခဲ့တဲ့ ဦးလေးကြီးပါ။အသက်က ၅၀ ကျော်လောက်တော့ရှိပြီ။ဒီမနက် သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဒီဇင်ဘာ ၁၇ရက် က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နှမ်းခါးရွာအတွင်း သေဆုံးသူ ရုပ်အလောင်းကိုးဦးကို တွေ့ရှိထားပြီး စစ်တပ်က သဂြိုလ်ခွင့်မပြုကြောင်းလည်း သိရသည်။

“နှမ်းခါးရွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တောင်ဘက် မကျည်းပင်အောက် လူငယ် အလောင်းတစ်လောင်း ရှိတယ်။ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကားနားတွင် လည်း နောက်ထပ်ရှစ်လောင်း တွေ့ရှိပါတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူထုနွေဦးသို့အတည်ပြုပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရွာ၏ အလယ်ပိုင်းတစ်နေရာမှ နေအိမ်အချို့ကို ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက် ၇ နာရီဝန်းကျင်က စ၍ စစ်တပ်မှ မီးရှို့နေကြောင်းလည်း ​ပြောသည်။

စက်တင်ဘာအတွင်းကလည်း ကလေး-ယော ဒသ အစပ်ရှိ နှမ်းခါးရွာ ကို အကြမ်းဖက်စစ်တပ်က လေးကြိမ် တိတိ ထပ်ခါထပ်ခါ မီးရှို့ခဲ့ပြီး နေအိမ်အလုံး ၆၀ ခန့် ဆုံးရှုံးခဲ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိနေသည်ဟုဆိုကာ နှမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းတွင် ရဟတ်ယာဥ်သုံးစီးဖြင့် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။

(နှမ်းခါးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး​နေသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။