Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က ငါးကြိမ်​မြောက်ထပ်မံမီးရှို့၊ အမျိုးသားတစ်ဦး​သေဆုံး

“နှမ်းခါးရွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တောင်ဘက် မကျည်းပင်အောက် လူငယ် အလောင်းတစ်လောင်း ရှိတယ်။ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကားနားတွင် လည်း နောက်ထပ်ရှစ်လောင်း တွေ့ရှိပါတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူထုနွေဦးသို့အတည်ပြုပြောသည်။

(နှမ်းခါးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး​နေသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်)

မ​ကွေးတိုင်း ဂန့်​ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့​နေပြီး ဒေသခံများထွက်ပြေးစဥ် ကူညီခဲ့သူအမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက လူထုနွေဦးသို့ အတည်ပြုသည်။

“တစ်ဖက်ရွာတွေကို ဖြတ်ပြေးတဲ့အချိန်မှာ ဒေသခံတွေကို ကူးတို့နဲ့ ရနိုင်သလောက်ပို့ပေးခဲ့တဲ့ ဦးလေးကြီးပါ။အသက်က ၅၀ ကျော်လောက်တော့ရှိပြီ။ဒီမနက် သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဒီဇင်ဘာ ၁၇ရက် က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နှမ်းခါးရွာအတွင်း သေဆုံးသူ ရုပ်အလောင်းကိုးဦးကို တွေ့ရှိထားပြီး စစ်တပ်က သဂြိုလ်ခွင့်မပြုကြောင်းလည်း သိရသည်။

“နှမ်းခါးရွာ ကြိုဆိုပါ၏ ဆိုင်းဘုတ်တောင်ဘက် မကျည်းပင်အောက် လူငယ် အလောင်းတစ်လောင်း ရှိတယ်။ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကားနားတွင် လည်း နောက်ထပ်ရှစ်လောင်း တွေ့ရှိပါတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူထုနွေဦးသို့အတည်ပြုပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရွာ၏ အလယ်ပိုင်းတစ်နေရာမှ နေအိမ်အချို့ကို ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက် ၇ နာရီဝန်းကျင်က စ၍ စစ်တပ်မှ မီးရှို့နေကြောင်းလည်း ​ပြောသည်။

စက်တင်ဘာအတွင်းကလည်း ကလေး-ယော ဒသ အစပ်ရှိ နှမ်းခါးရွာ ကို အကြမ်းဖက်စစ်တပ်က လေးကြိမ် တိတိ ထပ်ခါထပ်ခါ မီးရှို့ခဲ့ပြီး နေအိမ်အလုံး ၆၀ ခန့် ဆုံးရှုံးခဲ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိနေသည်ဟုဆိုကာ နှမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းတွင် ရဟတ်ယာဥ်သုံးစီးဖြင့် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။

(နှမ်းခါးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး​နေသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။