ဇွန် – ၂၁ ၊၂၀၂၆ /People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။
မနေ့ညနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတောင်ကြီးမြို့အဝင်မှာရှိတဲ့ တောင်လေးလုံးရွာဘက်မှာပေါက်ကွဲမှုဖြစ်တာပါ။
အဲဒီရွာနားကစက်သုံးဆီဆိုင်နှစ်ဆိုင်နဲ့ ပြည်ထောင်စုကားလမ်းတစ်နေရာမှာပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

Public Service Announcement
“အသံကအတော်ကျယ်တယ်၊ငါးမိနစ်ခြားတစ်ခါဆိုသလ်ိုသုံးကြိမ်အသံ ကျယ်ကြီးတွေကြားလိုက်ရတယ်”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
တောင်လေးလုံးရွာရှိ Denko နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့ရဲ့ အုတ်တံတိုင်းအနီးနှစ်နေရာနဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း တောင်လေးလုံးနဲ့ ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ ရှိ ရေထွက်မြောင်းပြွန်အတွင်းပေါက်ကွဲမှုဖြစ်တာပါ။
ပေါက်ကွဲမှုကြောင့်စက်သုံးဆီဆိုင်ရဲ့မျက်နှာကျက်၊ တံခါးတွေနဲ့ အုတ်တံတိုင်းပြိုကျ ပျက်စီးခဲ့ပေမယ့်လူသူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အာဏာသိမ်းစစ်တပ်ကဒီနေ့ မနက်ပိုင်းစပြီး တောင်ကြီးမြို့ရှောင်လမ်း ၊ ညောင်ရွှေ – စက်မှုဇုန်လမ်း ၊ ညောင်ရွှေ – မိုင်းသောက်လမ်းပိုင်းတွေမှာစစ်ဆေးမှုတွေလုပ်ဆောင်ပါတယ်။
“အဓိကတော့လူငယ်လေးတွေဆိုဖုန်းတွေတောင်းကြည့်တာ၊မှတ်ပုံတင်တောင်းစစ်တာတွေလုပ်တာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။


















































