Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဲ့လက်နက်ကျည်ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်ကတော့ KNDO နဲ့ PDF တွေပါ ဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

လေးကေကော်အနီးမှာ တိုက်ပွဲတွေပြင်းထန်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးရသလို ဒေသခံပြည်သူ ရာနဲ့ချီပြီး ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကတော့ မဲထော်သလေး ကျေးရွာ ၊ ဖလူးကျေးရွာ အနီးပတ်ဝန်းကျင်းတွေဖြစ်ပြီး တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီဟာ အင်အားတိုးချဲ့ထားသလို လက်နက်ကြီးတွေကို သုံးနေတာပါ။

တိုက်ပွဲဟာ ဒီနေ့ညနေပိုင်း ၃ နာရီလောက်စတင်ပြီးပိုမိုပြင်းထန်လာတာလို့သိရပါတယ်။

ထိုင်း − မြန်မာ နယ်စပ်နားက မဲထော်သလေးရွာကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေရှိရာကို စစ်ကောင်စီက လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်နေတာလို့ ဒေသတွင်းမီဒီယာ KIC ကလည်းဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မြေပြင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူ BGF တွေပါ ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်ကတော့ KNDO နဲ့ PDF တွေပါ ဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်မြို့သစ်မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေနဲ့ PDF တွေ ခိုအောင်းနေတယ်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေဖမ်းဆီးရာကနေ နယ်မြေခံKNU တပ်တွေနဲ့ စစ်ရေးတင်းမာခဲ့တာပါ။

အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက်ကနေ တိုက်ပွဲတွေစဖြစ်ခဲ့တာဖြစ်ကာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်မျည်းကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် လေးကေကော်ဒေသ မဲထော်သလေးကျေးရွာက နေအိမ်တွေ ဒီနေ့တွေ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook