Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဇွန်၂၅၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဇွန်လ၂၄ရက် မနေ့က မနက် ၄ နာရီလောက်မှာ ငွေတွင်းပျူစောထီးရွာကနေ စခတ(၁၀)ကို ရိက္ခာသယ်ဖို့ ထွက်လာတဲ့ အင်အား၄၀ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ် နေစဉ်မှာ စခတ(၁၀က)နေ စစ်ကြောင်းထွက်လာပြီး တော်လှန်ရေးတပ်တွေကို အနောက်ဘက်ကနေ ဝင်တိုက်ချိန်မှာ အကျဆုံးများခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ့်ဘက်ကို သတင်းကြိုရလို့သွားတိုက်တာကို ဟိုဘက်က ပြန်ဝိုင်းခံလိုက်ရတာ”လို့ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

ကျသွားတဲ့ တော်လှန်ရေး ရဲဘော်ဟာ မုံရွာခရိုင်တပ်ရင်းနှစ်ခုက ရဲဘော် တွေဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊အရှေ့မြောက်ခြမ်းကို မုံရွာခရိုင်တပ်ရင်းတခုရဲ့သင်တန်းကွင်းသတင်းပေါက်ပြီး စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော်၁ ဦးကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။