Connect with us

Hi, what are you looking for?

သတင်း

PDF စစ်သုံ့ပန်းတွေကို လည်လှီး၊ မီးရှို့သတ်ဖြတ်ခဲ့ဟု စစ်တပ်ရဲ့ တပ်ကြပ်ကြီးပြော

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

Screenshot

ဇွန် ၂၅၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

စစ်တပ်က တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်ဆိုသူဟာ သူ့ရဲ့ လူမှုကွန်ရက် Tiktok အကောင့်ဖြစ်တဲ့ Phone Myint Naing ဆိုတဲ့အကောင့်ကနေ ဇွန်လတတိယပတ်အတွင်းက PDF တွေကို လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာကိုပါ ရုပ်သံမှတ်တမ်းနဲ့တကွ ဝန်ခံလိုက်တာပါ။

သူဟာ ၂၀၂၃ ကနေ ၂၀၂၅ အတွင်း မန္တလေးတိုင်း၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ ချောင်းဆုံ စတဲ့ဒေသတွေက တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ PDF ရဲဘော်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်သတ်ခဲ့တာလည်း များပါပြီ။ ဒီကောင်တွေကို။ ကျွန်တော်တိုက်ပွဲဝင်တုန်းကဆို အဲဒီကောင်တွေ အဖမ်းခံရင် ဘယ်တော့မှ အရှင်မထားဘူး။ မီးရှို့သတ်တယ်။ လည်လှီးသတ်တယ်”လို့ ၎င်းက ပြောပါတယ်။

PDF တွေကို မကျေနပ်ဘဲ တွေ့တဲ့နေရာ လက်တုံ့ပြန်မယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်က အခဲမကြေဘူး။ အခုချိန် မျက်စိအောက်မှာ တွေ့ကြည့်။ လည်လှီးသတ်မှာ လူလယ်ခေါင်မှာ။”လို့ သူက ပြောပါတယ်။ အခုပြောဆိုတဲ့ တပ်ကြပ်ကြီးဟာ ဘယ်တပ်ရင်းကဆိုတာတော့ မသိရသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ဆက်ဆံရမှာ ဖြစ်ပေမယ့် စစ်တပ်ကတော့ ယခင်ကတည်းက ဖမ်းမိတဲ့ PDF ရဲဘော်တွေကို ရက်ရက်စက်စက် နှိပ်စက်တာ၊ အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်တာ၊ အရှင်လတ်လတ် မီးရှို့တာနဲ့ အခု သတင်းထဲကလို လည်လှီးသတ်ဖြတ်တာတွေကို အစဉ်အဆက် လုပ်ဆောင်ခဲ့ပါတယ်။

ရုပ်သံ – TikTok

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook