Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းတွေကို အခွန်ကောက်ရင် ဥရောပ နိုင်ငံတွေကို သွင်းကုန်အခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ထရမ့်ခြိမ်းခြောက်

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးတွေအပေါ် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအခွန် ကောက်ယူဖို့အတွက် ဥရောပ နိုင်ငံ အများအပြားက စည်းမျဉ်းသစ်တွေကိစ္စ ဆွေးနွေးနေကြမှန်း သူသဘောပေါက် နားလည်ထားကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။

အဲဒီကိစ္စမျိုး လက်တွေ့ အကောင်အထည် ဖော်လာရင် နိုင်ငံတစ်ခုချင်းစီကို ဒါဏ်ခတ် အရေးယူမှုတွေနဲ့ လက်တုံ့ပြန်မှာ ဖြစ်သလို အမေရိကန်နဲ့ ရှိရင်းစွဲ ကုန်သွယ်ရေး သဘောတူညီမှုတွေ အပေါ်မှာပါ သက်ရောက်လာစေလိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။

အဲဒီလို အခွန်ကောက်ယူမယ့် နိုင်ငံတိုင်းဟာ အမေရိကန်က သတ်မှတ်မယ့် သွင်းကုန်အခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ချက်နဲ့ ချက်ချင်းလက်ငင်း တွေ့ကြုံလာနိုင်တယ် ဆိုတာကို အမှတ်ရစေချင်တယ်လို့ ထရမ့်က ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဥရောပကြားမှာ ကုန်သွယ်ရေး သဘောတူညီမှု အသစ်အတွက် နောက်ဆုံး ညှိနှိုင်းမှုတွေအပြီး ရက်ပိုင်းအကြာမှာပဲ ထရမ့်ဆီက အခုလို ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူ့ရဲ့ ခြိမ်းခြောက်မှုဟာ အမေရိကန် နည်းပညာ ကုမ္ပဏီတွေအပေါ် ရှိရင်းစွဲ အခွန်သတ်မှတ် စည်းကြပ်ထားပြီးသား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အကျုံးဝင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဥပမာ ဗြိတိန်ဟာ စတာလင်ပေါင် သန်း ၅၀၀ အထက် တန်ဖိုးမျိုးနဲ့ လည်ပတ်နေတဲ့ နည်းပညာ လုပ်ငန်းစုတွေဆီက ၂ ရာခိုင်နှုန်း အခွန်ကောက်ယူပြီး ပြင်သစ်၊ အီတလီနဲ့ စပိန်တို့ကလည်း ဒစ်ဂျစ်တယ် ဝန်ဆောင်ခအခွန် ၃ ရာခိုင်နှုန်း ကောက်ယူနေပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာကတည်းက ပြိုင်ဘက် နိုင်ငံတွေကိုရော၊ မိတ်ဖက်တွေ အပေါ်မှာပါ နိုင်ငံရေးအရ အသာစီး ယူနိုင်ဖို့အတွက် သွင်းကုန်အခွန် စည်းကြပ်မှုတွေကို လက်နက်တစ်ခုလိုမျိုး အသုံးချခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။