Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းအနှံ့ ရေကြီးမှုတွေကြောင့် ၄ ရက်အတွင်း ဘတ် ၂၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ဖွယ်ရှိတယ်လို့ဆို

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - EPA

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

ဒါဟာ စက်တင်ဘာ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ အတောအတွင်း ဖြစ်ပွားတဲ့ ရေကြီးမှုတွေကိုပဲ အခြေခံပြီး မှန်းဆ တွက်ချက်ထားတာ ဖြစ်ပါတယ်။ ရန်ဆစ် တက္ကသိုလ်ရဲ့ အချက်အလက် အခြေပြု စီးပွားရေးဌာန ဒုတိယ ပါမောက္ခ အားထ် ပီဆန်ဝန်နစ်ချ်က မြို့တော် ဘန်ကောက်ကတော့ ဆုံးရှုံးပျက်စီးမှုတန်ဖိုး ဘတ် ၁၀.၅ ဘီလီယံကျော်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ ပြောပါတယ်။

ခန့်မှန်းမှုတွေအရ ဘန်ကောက် တစ်နိုင်ငံလုံးအနှံ့ ဒေသကြီးပေါင်း ၄၈ ခုမှာ ရေကြီးမှုတွေကြောင့် ဘတ် ၂၅.၃၄၅ ဘီလီယံထက်မနည်း ဆုံးရှုံးပျက်စီးမှုတွေ ကြုံခဲ့ပြီး ဘန်ကောက် တစ်ခုတည်းမှာတင် ဘတ် ၁၀.၅၈၆ ဘီလီယံဖိုးထိ များပြားနိုင်ကြောင်း သိရပါတယ်။

ရေကြီးမှု နောက်ဆက်တွဲအဖြစ် စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ တခြားဝန်ဆောင်မှု လုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။ စီးပွားရေး သုတေသီတွေကတော့ ပြည်တွင်းက ကုမ္ပဏီ အများအပြားဟာ အခုလောက် သက်ရောက်မှု ကြီးမားတဲ့ ရေကြီးမှု ပြဿနာမျိုးအတွက် ကြိုတင် ပြင်ဆင်ထားမှု မရှိကြောင်း သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

အားထ်ရဲ့ သုံးသပ်ချက်မှာတော့ ၄ ရက်တာ ရေကြီးမှုတွေအတွင်း ကြုံတွေ့ခဲ့တဲ့ စီးပွားရေး ထိခိုက်နိုင်ခြေတွေကို အနိမ့်ဆုံးအဆင့်၊ ပုံမှန်အဆင့်၊ အဆိုးဆုံးအဆင့် ဆိုပြီး သုံးမျိုးခွဲခြား ခန့်မှန်းပြထားပါတယ်။ အဆိုးဆုံး အဆင့်မှာတော့ ဆုံးရှုံးမှု တန်ဖိုးဟာ ဘတ် ၃၃.၇၃၉ ဘီလီယံထိ များပြားသွားနိုင်တယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံရဲ့ တတိယ သုံးလပတ် GDP တန်ဖိုးအပေါ် ထိခိုက်သက်ရောက်မှုက ၀.၃၆ ကနေ .၀၇၃ ရာခိုင်နှုန်းကြား ရှိနိုင်တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ လလယ်နောက်ပိုင်း ထိုင်းနိုင်ငံအနှံ့ ဖြစ်ပွားတဲ့ ရေကြီးမှုတွေအတွင်း ပြည်နယ် ၃ ခုမှာ လူ ၈ ဦး သေဆုံးခဲ့ကြောင်းလည်း အာဏာပိုင်တွေက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ နေ့စဉ် သည်းသည်းမည်းမည်း ဆက်တိုက် ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် ဘန်ကောက်က တူးမြောင်းတွေမှာပါ ရေပြည့်လျှံလာပြီး မြို့ထဲမှာ ရေတွေကြီးခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်ရေကြီးမှုတွေကြောင့် မြို့နယ် ၅၀ စလုံးမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရပါတယ်။ ထိုင်းအစိုးရကတော့ နောက်ထပ် သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေ ထပ်မကြုံဘူးဆိုရင် ဘန်ကောက်က နေရာတချို့မှာ ကျန်နေဆဲဖြစ်တဲ့ ရေတွေအားလုံးကို စုပ်ထုတ်ရှင်းလင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

Facebook