Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ နောက်ထပ် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီး အပန်းဖြေခရီး လာရောက်ဖို့ စီစဉ်ထား

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - US Navy

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

USS George H.W. Bush လေယာဉ်တင် သင်္ဘောကြီးနဲ့အတူ အခြံအရံ ရေယာဉ်ဖြစ်တဲ့ USS Delbert D. Blackဟာ အောက်တိုဘာ ၄ ရက်ကနေ ၉ ရက်နေ့အတွင်း ဖူးခက်ကို ဆိုက်ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ ရေတပ်ဖွဲ့မှာတော့ စုစုပေါင်း အမေရိကန် ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ ကျော် လိုက်ပါလာမှာပါ။

Bushပေါ်မှာ အမှုထမ်း ၄၈၀၀ လောက်ရှိပြီး Blackမှာတော့ ရေတပ်သား ၃၂၀ လောက် ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောတွေဟာ ဝီချစ်မှာရှိတဲ့ ဖူးခက် ရေနက်ဆိပ်ကမ်းမှာ ကမ်းကပ်ပြီး အဲဒီနောက် တပ်ဖွဲ့ဝင်တွေကို လည်ပတ်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

ဖူးခက်ဟာ လှပတဲ့ ကမ်းခြေတွေ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Bushဟာ Nmitizအဆင့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး ဖြစ်ပါတယ်။ ၃၃၃ မီတာ ရှည်လျားတဲ့ ဧရာမ စစ်ရေယာဉ်ကြီးဟာ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၉၀ လောက်ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။ Blackကတော့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးပါ။ Arleigh Burkeအဆင့် မြန်နှုန်းမြင့် တိုက်ရေယာဉ်ဟာ အစွမ်းထက်တဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေနဲ့ လက်နက်စနစ်တွေ တပ်ဆင်ထားပြီး လေယာဉ်တင် သင်္ဘောတွေကို ခြံရံ စောင့်ရှောက်တဲ့ မစ်ရှင်တွေအတွက် အထူးလေ့ကျင့် ပြင်ဆင်ထားပါတယ်။

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးက ထိုင်းမှာ လာရောက်ကမ်းကပ်ပြီး တပ်ဖွဲ့ဝင်တွေကို စိတ်အပန်းဖြေခွင့် ပြုတာဟာ တစ်လလောက်အတွင်း ဒုတိယအကြိမ် ဖြစ်လာမှာပါ။ စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်နေ့ထိ အတောအတွင်း နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီးဖြစ်တဲ့ USS Abraham Lincolnဟာလည်း ပတ္တယားမြို့မှာ ကမ်းကပ်ပြီး တပ်ဖွဲ့ဝင်တွေကို ကမ်းပေါ်တက်ရောက် လည်ပတ်နိုင်အောင် ရေတပ်က စီစဉ်ပေးခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

နိုင်ငံတကာ

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

Facebook