Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

(စစ်တပ်က ဇွန်လ ၁၇ရက်မှာ မင်းတပ်မြို့ အရှေ့ခြမ်းတစ်နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဇွန် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က ၂၀၂၆ မေလကုန်ပိုင်းမှာ ထိုးစစ်ဆင်ခဲ့ရာ ၁လခန့်အတွင်း တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ထိုးစစ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေ ပူးပေါင်းခုခံနေတာဖြစ်ပါတယ်။

စစ်ရေးအခြေအနေသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပေမယ့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ AAက ဇွန် ၂၇ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မနေ့ည သန်းခေါင်ကျော်နဲ့ ဒီမနက်အစောမှာလည်း မင်းတပ်မြို့ကို လေကြောင်းက အကြိမ်ပေါင်းများစွာ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

မင်းတပ်အရှေ့ခြမ်း နေရာတွေကို ဒီမနက် ၆နာရီနဲ့ ၉နာရီ ဝန်းကျင်တွေမှာ Y-12 လေယာဉ်နဲ့ ဗုံးသီးအလုံးများစွာ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

မနက် ၆နာရီဝန်းကျင်မှာ Y12နဲ့ ၁၀ကြိမ် ဗုံးသီး အလုံး ၅၀ခန့် လေကြောင်း တိုက်ခိုက်ခဲ့သလို မနက် ၉နာရီဝန်းကျင်မှာ Y12နဲ့ ၆ကြိမ် ဗုံးအလုံး ၄၀ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ ၁ကြိမ်ကို ၉လုံးတွဲ၊ ၅လုံးတွဲ၊ ၄လုံးတွဲ စသဖြင့် ဗုံးသီးအလုံးများစွာ အသုံးပြု တိုက်ခိုက်တာလို့ ဆိုပါတယ်။မနေ့ည သန်းခေါင်ကျော် ဒီကနေ့မနက်အစောမှာလည်း မင်းတပ်မြို့ အရှေ့ခြမ်း တနေရာကို တိုက်လေယာဉ်နဲ့ ၄ ကြိမ် ဗုံး ၈လုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဇွန်လ ၂၆ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၂၇ရက်မှာ တိုက်ပွဲ အနည်းငယ်ငြိမ်နေတယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။ မနေ့က တိုက်ပွဲ အနည်းငယ်ငြိမ်ပေမဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

” ဒရုန်းဗုံးကြီး လက်နက်ကြီးက တနေ့ကို အနည်းဆုံး ၁၀ကြိမ်ကြားရ။ လက်နက်ကြီးက ကျောက်ထုက ပစ်တာ။ ဒရုန်းဗုံးက စစ်ကြောင်းကနေ တက်လာတာ” လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့ကိုလည်း ၂၀၂၆ မေလလယ်ကတည်းက ထိုးစစ်ဆင်နေတာပါ။

မင်းတပ်နဲ့ ကန်ပက်လက်မြို့ထိုးစစ်ကို အင်အားအလုံးအရင်းသုံးထိုးစစ်ဆင်နေပေမဲ့ စစ်တပ်ထိုးစစ်ကို ချင်းပူးပေါင်းတပ်က ခုခံထားနိုင်ဆဲဖြစ်ပါတယ်။

ချင်းတောင်ပိုင်းကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ယူလေးစားကြောင်း ချင်းတပ် CPU/CPA ခေါင်းဆောင် ဆလိုင်းယောမာန်က ဒီရက်ပိုင်းမှာ ပြောကြားထားပြီး စစ်ကောင်စီတပ်တွေကို မောင်းထုတ်ဖို့ အတူရုန်းကြမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook