Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေ

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(၂၀၂၄ ခုနှစ်က လွိုင်ကော်မြို့ တိုက်ပွဲ အတွင်း ကရင်နီရဲဘော်တွေကို တွေ့ရစဉ်(ဓာတ်ပုံ-KNDFတပ်ရင်း-၂)

ဇွန်-၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၂၈ ရက်) မနက်အစောပိုင်းကစပြီး နေ့လယ်ပိုင်းအထိ လွိုင်ကော်- မိုးဗြဲမြို့ကြားမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာလို့ ဆိုပါတယ်။

“လွိုင်ကော် အမြောက်တပ်ကနေ တမနက်လုံး ပစ်သံကြားတယ်။လွိုင်ကော်ရဲ့ အနောက်မြောက်ဘက် ကပ်လျက်ပဲ”လို့ လွိုင်ကော်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေနဲ့ မြေပြင်ရဲဘော်တွေရဲ့ လုံခြုံရေးအရ တိုက်ပွဲဖြစ်တဲ့နေရာ အသေးစိတ်ကိုတော့ ချန်လှပ်ပေးဖို့ သူက တောင်းဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့်တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက ဖော်ပြနေကြပါတယ်။

“တိုက်ပွဲ ဖြစ်တယ်။ ဒါပေမယ့် အဲဒီသတင်းနဲ့ပတ်သက်ပြီးပြောခွင့်မရှိသေးဘူး”လို့ ရှမ်း-ကရင်နီပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးက ‌ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၉ ဦး ခန့်သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒရုန်းတွေ၊လက်နက်ကြီး၊ တိုက်ခိုက်ရေးအင်အား အများအပြားအသုံးပြုပြီး စစ်တပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတာလို့လည်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook