Connect with us

Hi, what are you looking for?

သတင်း

AAကကိုယ်ပိုင်ဘဏ်ဖွင့်ဖို့ဝန်ထမ်းတွေခေါ်ယူ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

(AA တပ်ဖွဲ့ဝင်​တွေနဲ့ ​မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-3BH)

ဇူလိုင်-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဘဏ်စနစ်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဝန်ထမ်း ၂၆ ဦးကို ခေါ်ယူနေကြောင်း AA လက်အောက်ခံ အာရက္ခ ပြည်သူ့ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်က ဇွန်လ ၃၀ ရက်နေ့မှာ အသိပေးလာတာပါ။

“ဘဏ်ဖွင့်ဖို့အတွက် စီစဉ်နေတာကြာခဲ့ပြီ။ အပေါ်ပိုင်းမှာလည်းဘဏ်စီမံ၊အုပ်ချုပ်ရေးအတွက် လူတွေ ဖွဲ့ထားပြီ။ အခုက ထပ်လိုတဲ့ဝန်ထမ်းတွေကို ခေါ်နေတာပါ”လို့ အဲဒီအကြောင်းသိထားတဲ့ နီးစပ်သူသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြို့နယ်တာဝန်ခံ ၃ ဦး၊ လက်ထောက်မြို့နယ်တာဝန်ခံ ၃ ဦးနဲ့ စျေးကွက်ရေးရာဝန်ထမ်း ၂၀ ဦးတို့ကို ခေါ်ယူနေတာဖြစ်ပါတယ်။အဲဒီနေရာတွေအတွက် လျှောက်ထားလိုသူတွေဟာ လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့ မတိုင်ခင် ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်ထံ လျှောက်ထားကြရမယ်လို့ ဆိုပါတယ်။

AA လက်အောက်ခံ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဘဏ်စနစ်ကို ဘယ်လိုလည်ပတ်မယ်၊ ဘယ်မြို့နယ် တွေမှာ ဖွင့်လှစ်မယ်ဆိုတာကိုတော့ တိတိကျကျ အသိပေးတာမရှိသေးပါဘူး။

တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ဘဏ်စနစ်တွေ မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ အခုလိုမျိုး AA က ဘဏ်စနစ်စတင် လည်ပတ်ဖို့ စီစဉ်လာတာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး စနစ်တကျလည်ပတ်၊ ကိုင်တွယ်နိုင်တဲ့သူတွေနဲ့ ဖွင့် လှစ်ဖို့လိုတယ်လို့ ပုဂ္ဂလိကဘဏ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးက ပြောပါတယ်။

“ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ဖို့လိုတယ်။အခုလို ဝန်ထမ်းတွေ ခေါ်လာပြီဆိုတော့ သူတို့မှာ စီစဉ်ပြီးသားထင်ပါတယ်။ဒါကပြည်သူတွေအတွက် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် မြေပြင်မှာ သုံးဖို့ ငွေသားတွေအတွက် ဘယ်လိုစီစဉ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းတယ်” လို့ ၎င်းက ဆက်​ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေဟာ မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြိးနောက်ပိုင်း ဘဏ်တွေ ပိတ်သွားတာကြောင့် ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေ သားထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေကိုသာ အားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေဟာ ငွေသားတွေကို ပြည်မကနေမှောင်ခိုလမ်းကြောင်းတွေကနေတဆင့် စရိတ် ကုန်ကျခံ၊ ခက်ခက်ခဲခဲသယ်ယူရပြီး ရခိုင်ပြည်တွင်း အမြတ်နဲ့ တဆင့်ပြန်လည်ရောင်းချ၊ ငွေသားထုတ်ပေးနေကြ တာဖြစ်ပါတယ်။

ဒါ့ကြောင့် ငွေသားထုတ်ခ စျေးကြီးတာတွေနဲ့လည်း ကြုံရပြီး လက်ရှိမှာ ငွေတသိန်းထုတ်ခကို ကျပ်ငါးထောင်ဝန်း ကျင်ထိ ပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ဟာ ရခိုင်နဲ့ ချင်းပြည်နယ်ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုး ရေးတို့အပြင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝန်ဆောင်မှု ပေးနေခဲ့တာဖြစ်ပြီး အခုအခါ ဘဏ်စနစ်ကိုပါ လည်ပတ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်​​ကျော်​တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

Facebook