Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအရေးအတွက်မြန်မာစစ်တပ်ရော၊ AAနဲ့ပါ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်တပ်ရော၊ အာရက္ခတပ်တော် (AA)နဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေကြောင်း ​ပြောပါတယ်။

နိုဝင်ဘာ-၁၀၊၂၀၂၆။People’s Spring

ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်တပ်ရော၊ အာရက္ခတပ်တော် (AA)နဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေကြောင်း ​ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာမာ အိုဘေ့ဒ် အစ္စလာမ်က အစိုးရ အနေနဲ့ အရှေ့ဖက်မှာရှိတဲ့ အိမ်နီးချင်း နိုင်ငံမှာ စစ်ခင်းနေတဲ့ အင်အားစု နှစ်ခုစလုံးနဲ့ ထိတွေ့ ဆွေးနွေးနေတယ် ဆိုတာကို နိုဝင်ဘာ ၈ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားရေး မဟာဗျူဟာတစ်ခု ချမှတ်နိုင်မယ့် ကော်မတီ တစ်ခုကို ဖွဲ့စည်းထားကြောင်း၊ အဲဒီကော်မတီကနေတဆင့် မြန်မာစစ်တပ်နဲ့ရော၊ AAနဲ့ပါ ဆွေးနွေး ပြောဆိုမှုတွေ ရှိနေကြောင်း ဒါကာမြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ဝန်ကြီးက ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

အိုဘော့ဒ် အစ္စလာမ်က ရိုဟင်ဂျာ အကျပ်အတည်းဟာ နိုင်ငံရေး ပြဿနာ တစ်ခုလို့ မှတ်ချက်ပေးခဲ့ပြီး သမားရိုးကျ လုပ်ထုံးလုပ်နည်း သံတမန်ရေး လမ်းကြောင်းတွေအတိုင်း ဖြေရှင်းရုံနဲ့ ဒီကိစ္စ ပြေလည်သွားမယ်လို့ ယုံကြည်နေရင် တုံးအလွန်းရ ကျလိမ့်မယ်လို့လည်း ထောက်ပြသွားပါတယ်။

မြန်မာ့နိုင်ငံရေး အခြေအနေတွေက အရမ်း ထိလွယ်ရှလွယ် ဖြစ်နေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာရဲ့အစုအဖွဲ့အသီးသီးကြားမှာ အပြီးသတ် ညှိနှိုင်း သဘောတူညီမှု တစ်ခုခု ရရှိလာတဲ့ထိ ဝိုင်းဝန်း ဖိအားပေးလာအောင် ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးပါတီ အသီးသီး အနေနဲ့ တွန်းအားပေး ဆောင်ရွက်သင့်ကြောင်းလည်း သူက ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းရဲ့အမြင်ကို ပြောင်းလဲပစ်ပြီး ရိုဟင်ဂျာတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံဆီ ပြန်ဖို့ လိုအပ်သလို ပြန်ဖို့လည်း ထိုက်တန်တယ်ဆိုတာ လက်ခံလာအောင် ကြိုးစားရမယ်လို့ ဝန်ကြီးက ပြောဆိုသွားပါတယ်။

အဲဒီဆွေးနွေးပွဲမှာပဲ ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရဟောင်းလက်ထက်တုန်းက အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ အငြိမ်းစား ဗိုလ်မှူးချုပ် ဆက်ခါဝက် ဟိုစိန်းက ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေးမှာ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကို ကူညီမှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ နယ်စပ်ထိစပ်နေတဲ့ အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာ ကိစ္စကို လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တစ်ခုသက်သက် အနေနဲ့တင် မဟုတ်ဘဲ မဟာဗျူဟာ ရှုထောင့်ကနေပါ ချဉ်းကပ်သုံးသပ်ဖို့ လိုအပ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မဟာဗျူဟာ ကစားပွဲ တစ်ခုထဲကို ရောက်နေကြောင်း ရခိုင်ပြည်နယ်ဟာ အနှေးနဲ့အမြန် ကွန်ဖယ်ဒရိတ်၊ ဒါမှမဟုတ် အနေအထား တစ်ခုခုဆီ ရောက်လာမှာဖြစ်ကြောင်း၊ဒီအခြေအနေမှာ AAနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး၊ စေ့စပ် ဆွေးနွေးမှုမျိုးတွေကို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ လိုအပ်နေကြောင်း ဟိုစိန်းက ထောက်ပြသွားပါတယ်။

သူက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ တရုတ်ဆီကို စီးပွားရေး စင်္ကြံတစ်ခု သတ်မှတ်ရေးကိစ္စ တောင်းဆိုဖို့လည်းတိုက်တွန်းခဲ့ပြီး လက်တွေ့အထမြောကလာမယ်ဆိုရင် ရိုဟင်ဂျာတွေကို ပြန်ပို့မယ့် အစီအစဉ်မှာပါ အဆင်ချောစေလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

ကိုးကား: New Age

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်၊ ပြင်ရှည်ရွာဝန်းကျင်ရှိစစ်တပ်စခန်းတွေနဲ့ထောက်ပို့တပ်ရင်း​တွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေ က ပြောပါတယ်။

သတင်း

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း မြန်မာအပေါ် စွပ်စွဲထားတဲ့ အမှုကို နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်တွေတိုက်ပွဲမှာစစ်တပ်ကရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေ

Facebook