နိုဝင်ဘာ-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်၊ ပြင်ရှည်ရွာဝန်းကျင်ရှိစစ်တပ်စခန်းတွေနဲ့ထောက်ပို့တပ်ရင်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေ က ပြောပါတယ်။
AAက မယူမြစ်ကမ်းဘေးရေချမ်းပြင်ရွာအနီးရှိ စစ်တပ်ကာကင်းစခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ရပြီးနောက် ပြင်ရှည်ရွာဝန်းကျင်ရှိ စစ်စခန်းတွေနဲ့ စစ်တပ်ရဲ့ထောက်ပို့တပ်ရင်းကိုပါ ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ထောက်ပို့တပ်နဲ့ အဲဒီနားက စခန်းတွေကို ထိုးနေကြတာပါ။ထောက်ပို့တပ်ဆိုပေမယ့် အခုက စခန်းကြီးတွေအခိုင်အမာချထားတယ်။ အင်အားလည်းများတယ်။ မြစ်ကမ်းဘက် ရေချမ်းပြင်နားမှာလည်း တိုက်ပွဲရှိပါတယ်။ စစ်ကြောင်းတွေခွဲပြီးတော့ထိုးနေတယ်ကိုယ့်ဘက်က” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာရေချမ်းပြင်ရွာဝန်းကျင်ကမ်းခြေတလျှောက် စစ်စခန်းချထားသလို ပြင်ရှည်၊ ပျားလေချောင်းရွာတို့ရှိ အိမ်တွေမှာလည်း အထိုင်ချ၊ စစ်စခန်းလုပ်ကာ အခြေစိုက်တပ်ရင်းတွေမကျဖို့ အကာအကွယ်လုပ်ထားတာဖြစ်ပါ တယ်။
လက်ရှိ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ထောက်ပို့တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ရခိုင်တပြည်နယ်လုံးနီး ပါး တိုက်ပွဲပြင်းထန်နေခဲ့ချိန် စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်
သင်တန်းပေးခဲ့ တဲ့ သင်တန်းကွင်းရှိရာ တပ်ရင်းလည်း ဖြစ်ပါတယ်။
အခုအခါအဲဒီတပ်ရင်းမှာလူတရပ်နီးပါးမြင့်တဲ့ ဆက်သွယ်ရေးမြောင်းတွေ၊ အကာအရံတွေလုပ်ပြီး အမြောက်တွေ ထိုင်ထားကာ စစ်တွေမြို့ရဲ့ အနောက်ဘက်ဝင်ပေါက်ကနေ အဓိကကာကွယ်ထားတဲ့ ရှေ့တန်းအကာအရံတပ်ရင်း ကြီးဖြစ်တယ်လို့ သိရပါတယ်။
“အရင်ကရေချမ်းပြင်ဘက်ကိုသွားလို့ရသေးတယ်။အခုလမ်းပိတ်ထားတယ်။ မောင်နီပြင်လောက်ကနေ သွားလို့ မရတော့ဘူး။ တိုက်ပွဲဖြစ်နေလို့။ ရေချမ်းပြင်ဘက်က အသံတွေ အကျယ်ကြီးကြားရတယ်။ မင်းဂံဘက်က သွားနား ထောင်ရင် အကုန်ကြားရတယ်” လို့ စစ်တွေ မြို့ခံတဦးက ပြောပါတယ်။
ရေချမ်းပြင်၊ ပြင်ရှည်ဝန်းကျင်နဲ့ ထောက်ပို့တပ်တို့မှာ တိုက်ပွဲရက်ဆက်ဖြစ်နေတာ နှစ်ရက်ဆက်ရှိပြီဖြစ်ပါတယ်။ “တိုက်ပွဲအခြေအနေက ပြောလို့မရသေးဘူး။ ကိုယ့်ဘက်ကတော့ ရှေ့တိုးနိုင်တာပဲလေ” လို့ AA သ တင်းရင်းမြစ်က ပြောပါတယ်။
စစ်တွေ-ရေချမ်းပြင်သွားလမ်းမှာ စစ်တပ်ရဲ့ ထောက်ပို့တပ်၊ အမြောက်တပ်၊ ဆေးတပ်တို့တည်ရှိပြီး ရေချမ်းပြင် ဘက်ကလာတဲ့လမ်းနဲ့ စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်းဆုံရာမှာလည်း စစ်တပ်ရဲ့ တပ်ရင်းတွေများစွာရှိနေပါ တယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ရေချမ်းပြင်ဝန်းကျင်နဲ့ စစ်တပ်လက်အောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့သူတွေ စစ်တပ်လွှတ်တော်တက်နေကြတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦးနဲ့ ၄ မိုင် နီးပါးသာ ကွာဝေးပြီး လွှတ်တော်နေရာ ပြောင်းရွှေ့ဖို့စီစဉ်နေကြတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ပြည်နယ်အစိုးရအဖွဲ့ရုံးကိုလွှတ်တော်ပြောင်းလုပ်ဖို့ ပြင်နေကြ တယ်ကြားပါတယ်” လို့ စစ်တပ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရခိုင်ဦးဆောင်ပါတီ(AFP)မှ အမည်မဖော်လိုသူ ပါတီဝင်တဦးက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းကရေချမ်းပြင်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေသလို မြို့မြောက်ဘကိရှိပါဒလိတ်တပ်ရင်း ဝန်းကျင်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ရွှေမင်းဂံရေတပ်ဝန်းကျင်မှာတော့ အခုရက်ပိုင်းတိုက်ပွဲတွေ ငြိမ်သက်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွှေမင်းဂံဘက်က အသံ မကြားတာ သုံးရက်လောက်ရှိပြီ။ ရေချမ်းပြင်နဲ့ ပါဒလိတ်ဘက်ကပဲ ကြားရတယ်။လက်နက်ကြီးသံတွေကတော့ မနက်က အများကြီးကြားလိုက်တယ်။ ဘယ်နားတွေကျလဲမသိဘူး။ AA ဘက်က ပစ်တာ ထင်တယ်” လို့ စစ်တွေမြို့ခံက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ၁၅ ရက်နေ့မှာရေချမ်းပြင်အနီး၊ ကျက်တောပြင်ရွာဝန်းကျင်က စစ်တပ်ရဲ့ ကာကင်းစခန်းတခုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ ထိုးစစ် နှစ်လကျော်လညတဲ့တိုင် AA ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ပြီး စစ်တပ်သင်္ဘော ၅ စီး ထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိ ပြီဖြစ်ကာ စစ်တပ်က ထိုးစစ်ဆိုပေမယ့် မြေပြင်မှာတော့ ခံစစ်အသွင်နဲ့ ခုံခံနေရတယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။ .
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ် တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။




















































