Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာမှာရှိတဲ့ တပ်တွေ ရုပ်သိမ်းမှာ မဟုတ်ကြောင်း အစ္စရေးပြော

လက်ဘနွန်၊ ဆီးရီးယား နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးတပ်တွေ ဆက်လက် ဖြန့်ကျက်ထားမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

လက်ဘနွန်၊ ဆီးရီးယား နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးတပ်တွေ ဆက်လက် ဖြန့်ကျက်ထားမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁ ရက်နေ့ ကြေညာချက်မှာတော့ အစ္စရေးဆီက နောက်ထပ် ကြေညာချက် တစ်ခုခု ထွက်ပေါ်မလာမချင်း အဲဒီဆုံးဖြတ်ချက်က အတည်ပဲလို့လည်း အစ္စရေးကတ်ဇ်က မှတ်ချက်ပေးထားခဲ့ပါတယ်။ သူက လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာတို့မှာ လုံခြုံရေးဇုန်လို့ သတ်မှတ်ထားတဲ့ နေရာတွေကိုပဲ အစ္စရေး တပ်တွေက ထိန်းချုပ်ထားတာလို့လည်း ဆိုပါတယ်။

အစွန်းရောက် ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားတွေရဲ့ ရန်ကနေ အစ္စရေး ပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်ဖို့အတွက် လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာမှာရှိတဲ့ လုံခြုံရေး ဇုန်တွေမှာ အစ္စရေးတပ်တွေ ဆက်လက် ဖြန့်ကျက် နေရာယူထားမှာ ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ကြေညာချက် ထွက်ပေါ်မလာမချင်း အဲဒီရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ကြောင်း ကတ်ဇ်က ကြေညာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်၊ လက်ဘနွန် စစ်ပွဲကာလအတွင်း ကျဆုံးခဲ့တဲ့ အစ္စရေး စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ချိန် ဇူလိုင် ၁ ရက်နေ့မှာ ကတ်ဇ်က အစ္စရေးဟာ လုံခြုံရေး ဇုန်တွေထဲကနေ တပ်တွေ ရုပ်မှာ မဟုတ်ဘူးလို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင်မကသေးဘဲ လောလောဆယ် စစ်ပြေငြိမ်းထားပေမယ့် အီရန်ကသာ အစ္စရေး ပိုင်နက်ကို စတင်ထိပါး တိုက်ခိုက်လာရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ပြီး စစ်ပွဲကို ပြန်စမယ်ဆိုတဲ့ သူ့ရဲ့ အစောပိုင်း မှတ်ချက်ကိုလည်း ကတ်ဇ်က နောက်တစ်ခေါက် ထပ်ပြောသွားခဲ့ပါတယ်။

အစ္စရေးဟာ လက်ဘနွန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကနဦး သဘောတူညီမှု ရရှိထားပေမယ့် လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ တိုက်ခိုက်မှုတွေတော့ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားနေပါတယ်။ အစ္စရေး အစိုးရက ဟစ်ဇ်ဘိုလာတွေဆီက လက်နက်ဖြုတ်သိမ်းမှု အလုံးစုံ မပြီးမြောက်မချင်း လက်ဘနွန် ပိုင်နက်ထဲက တပ်တွေ ဆုတ်ခွာပေးမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဟစ်ဇ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်း နယ်မြေတွေဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေး တပ်တွေက လက်ဘနွန်မှာ စစ်ဆင်ရေးတွေ ဆင်နွှဲပြီး ဟစ်ဇ်ဘိုလာတွေကို တုံ့ပြန်ခဲ့ရာက လက်ဘနွန် နိုင်ငံဟာလည်း အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခထဲ ဆွဲသွင်းခံခဲ့ရပါတယ်။

မတ်လဆန်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ စတင်လာတဲ့နောက်ပိုင်း ပြည်တွင်းမှာ သေဆုံးသူ ၄၃၀၀ နီးပါးလောက် ရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး စစ်တပ်ကတော့ လက်ဘနွန်က စစ်ဆင်ရေးတွေအတွင်း တပ်ဖွဲ့ဝင် ၃၈ ဦး ကျဆုံးခဲ့တယ်လို့ ကြေညာထားပါတယ်။ လက်ဘနွန်မှာ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတွေဟာ လက်ဘနွန် အစိုးရ စစ်တပ်ကို လုံးဝ မရည်ရွယ်ကြောင်း၊ ဟစ်ဇ်ဘိုလာတွေကို ဦးတည်တာသာဖြစ်ကြောင်းလည်း အစ္စရေးက အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

Facebook