Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ၁၁ နှစ်သား မောင်းလာတဲ့ကားက ဆွမ်းခံကြွကိုယ်တော်တွေကို ဝင်တိုက်၊ ရှစ်ပါးပျံလွန်တော်မူ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ -วัดรอยพระพุทธบาทภูมโนรมย์ อำเภอเมืองมุกดาหาร จังหวัดมุกดาหาร

ဇူလိုင် – ၂ ၊ ၂၀၂၆

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့တုန်းက မွတ်ခ်ဒါဟန် ပြည်နယ်ထဲက မွိုင်ခရိုင်မှာ ဆွမ်းခံကြွကိုယ်တော်တွေနဲ့ ကပ္ပိယတွေကို ကားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ်ယောက်ျားလေးတစ်ဦးဟာမိဘတွေရဲ့ ကားကို တက်မောင်းလာရင်း သံဃာတော် ၃၅ ပါးနဲ့ ကပ္ပိယ ငါး ဦးတို့ လမ်းဘေးမှာ စီတန်း လမ်းလျှောက်လာတာကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နာဆီနူအန် ကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုရဲ့သံသယရှိသူက အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးဖြစ်ကြောင်း ၊ကားကိုတော့ မှုခင်းသက်သေအဖြစ် သိမ်းယူထားကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီး အကဲ ရဲမှူးကြီး ပိုင်ရော့ ထိုင်ဖွတ်ဆာက ပြောကြားခဲ့ပါတယ်။

ရဲတွေကကလေးကိုဘယ်သူကအဓိကအုပ်ထိန်းသလဲဆိုတာကို ဆက် လက်စစ်ဆေးနေပြီးလိုအပ်တဲ့ ဥပဒေရေးရာ စီမံကိုင်တွယ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ မိဘတွေ ခွင့်မပြုဘဲနဲ့ ပစ်ကပ်ကားကို ခိုးမောင်းလာခဲ့ရာက အရှိန်မထိန်းနိုင်ဘဲ ဆွမ်းခံကြွ ကိုယ်တော်တွေကို ဝင်တိုက်ခဲ့တာလို့ ရဲတွေက စုံစမ်း တွေ့ရှိထားပါတယ်။

မွန်းမလွဲခင် အချိန်လောက်မှာ ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် ဘုန်းတော်ကြီး ငါးပါး ပွဲချင်းပြီး ပျံလွန်တော် မူခဲ့ပြီး နောက်ထပ် သုံး ပါးက ဆေးရုံမှာ ပျံလွန်တော်မူခဲ့ပါတယ်။

နောက်ထပ် ဘုန်းတော်ကြီး ၁၀ ပါးကတော့ ဆေးရုံတက် ကုသမှု ခံယူနေရဆဲပါ။

ယာဉ်တိုက်မှုအပြီး အခင်းဖြစ်တဲ့ နေရာမှာ လူနာတင်ယာဉ်တွေ၊ ရဲတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များနေတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ မွတ်ခ်ဒါဟန် ပြည်နယ်သာ မကဘဲ ထိုင်းတစ်နိုင်ငံလုံးအတွက် သင်ခန်းစာ ယူရမယ့် ကိစ္စလို့ ရဲမှူးကြီး ပိုင်ရော့က မှတ်ချက်ပေးခဲ့ပါတယ်။

ရှောင်လွှဲလို့ ရသင့်တဲ့ အခုလို ဖြစ်ရပ်ဆိုးမျိုးကို တားဆီးဖို့၊ လူတိုင်းမှာ၊ အထူးသဖြင့် ကလေးတွေရဲ့ မိဘတွေမှာ တာဝန်ရှိတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား – The Nation

ဆက်စပ်သတင်းများ

အတွေးအမြင်

ဘုန်းကြီးအားကိုးနဲ့ လူမိုက်တွေစီးပွားဖြစ်သွားတဲ့ ဧရာဝတီရေဘေး ရွှေပြည်စိုး/People's Spring နာမည်ကြီးပရဟိတအမည်ခံလူမိုက်တွေဟာ ဧရာဝတီတိုင်းအတွင်းက ရေဘေးသင့် မြို့ နယ်တွေမှာ စစ်တပ်သတင်းပေးတွေနဲ့ပေါင်းပြီး စီးပွားရှာသွားခဲ့ကြသလို ဒေသတွင်းက ဘုန်းကြီးတစ်ပါးရဲ့အားကိုးနဲ့ တလွဲဂုဏ်သတင်းကြီးနေပါတယ်။ လူမိုက်အဖွဲ့အချို့အပါအဝင် ဧရာဝတီရေ ဘေးကို လာရောက်ကူညီတဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပရဟိတသမားတွေကို ဒေသတွင်း နွားဦးတိုက်ဆရာတော်လို့ လူသိများတဲ့...

သတင်း

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာ ဒီနေ့မနက် (အောက်တိုဘာ ၁၀) နံနက်က EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင် တိုက်မိရာ လူ ၂ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

နိုင်ငံတကာ

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

Facebook