Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နဲ့ ကောလင်းမှာ စစ်တပ်ကနှစ်ဖက်ပိတ်စစ်ကြောင်းထိုးဖို့ကြိုးစား​နေပြီးတိုက်ပွဲဆက်တိုက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်-၃၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းတော်မြို့နယ်၊အနောက်ခြမ်းကို ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ​ရှေ့ဆက်တိုး​နေပြီး မဲဇာတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

တဖက်မှာလည်း ကောလင်းမြို့ နဲ့ ဝန်းသိုမြို့ (ခမရ ၁၁၁)ကနေ စစ်ကြောင်းတွေထွက်လာပြီး နှစ်ဖက်ပိတ်ပြီး စစ်ကြောင်း‌‌ထိုးနေတဲ့အ​ခြေအ​နေလို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းလည်းမဲဇာတောင်ဘက်ကိုဦးတည်စစ်ကြောင်းထိုးနေတာလို့ ​ဒေသခံအချို့ကဆိုပါတယ်။

“စကစဘက်က အင်အား တော်တော်ဖြည့်လာတာတွေ့ရတယ်။ရွာတွေအများစုလည်း ရှောင် နေရတယ်။ဒီမတိုင်ခင်မှာစစ်တပ်ဘက်က မန္တလေးတို့ ၊ရှမ်းမြောက်‌‌တို့ကနေစစ်ကားတွေ နဲ့ အင်အားတွေလည်း ဖြည့်တယ်။တိုက်ပွဲသံ တွေက ဆက်တိုက်ကြားနေရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန်လနောက်ဆုံးပတ်ကတည်းကတိုက်ပွဲတွေပြန်လည်ဖြစ်ပွား​နေပြီး စစ်တပ်က အင်းတော် မြို့နယ်ကို အလုံးစုံ စိုးမိုးဖို့ကြိုးစား နေတာလို့ ဒေသခံ တွေကသုံးသပ်ပြောကြားပါတယ်။

တိုက်ပွဲတွေကြောင့်မန္တလေး-မြစ်ကြီးနားလမ်းမှာလည်း ကားအစီး ရေ ရာနဲ့ချီပိတ်မိနေ တယ်လို့ ​ဒေသခံအချိုက​​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook