Connect with us

Hi, what are you looking for?

သတင်း

မလှိုင်ကိုစစ်ကြောင်းထိုးလာတဲ့ရဲစစ်​ကြောင်းကို PDF နဲ့ ပကဖ တိုက်ခိုက်၊၂ဦး​သေပြီးစစ် သုံ့ပန့် ၁၀ဦးနဲ့ လက်နက်မျိုးစုံ ၂၀ သိမ်းရ

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။

(သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ၊ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​​တွေနဲ့အတူ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ် )

ဇူလိုင် ၃၊ ၂၀၂၆။ People’s Spring

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂ရက်မနက်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင်အား(၁၁၀)ပါစစ်ကြောင်းကို PDF မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာနတပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ရန်သူ့ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်(၂)စီးဖြင့် အနီးကပ်ပစ်ကူပေးခဲ့သော်လည်း မိမိတို့ ရဲဘော်များ၏ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှူကြောင့် ရန်သူ့တပ်သား ၂ ဦး မျက်မြင်သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် (၁၀) ဦး လက်နက်ချအညံ့ခံခဲ့သည်” လို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်နဲ့ စိန်ပြောင်း စုစုပေါင်း အလက် ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း​တွေ ၊ ခဲယမ်း​တွေသိမ်းပိုက်ရရှိခဲ့ကြောင်းမှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။

ညပိုင်းမှာတော့ စစ်တပ်ရဲ့ ညောင်ဦးလေတပ်က တက်လာတဲ့ Gyrocopter(၂)စီးကနွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာကို ဗုံးသီး ၄ လုံး (၂)ကြိမ် ကြဲချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် ပြည်သူထိ‌ခိုက်သေဆုံးမှုရှိခဲ့ပြီး စိစစ်ဆဲဖြစ်ဟု အသိပေးပါတယ်။

ဒါ့အပြင် ည ၇နာရီခန့်မှာ စစ်တပ်ဟာ တိုက်လေယာဉ်နဲ့ အိုးပုံတောရွာအနောက်ဘက်သို့ (၂) ကြိမ် ဗုံးကြဲခဲ့သလို ည ၁၀နာရီကျော်မှာလည်း တိုက်လေယာဉ် ၂စီးနဲ့ အိုးပုံတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူည ၁၀နာရီခွဲမှာလည်းတိုက်လေယာဉ်တစီးက တောင်သာမြို့နယ် လှည်းကူးမရွာသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း စစ်မျက်နှာများစွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ရင်ဆိုင်နေရပြီး အချို့နေရာတွေမှာ ဖွဲ့စည်းပုံပျက်တဲ့အထိ အထိနာပြီး စစ်​ကြောင်း​တွေပျက် တပ်လန်တာတွေမကြာခဏ ကြုံနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး ဇူလိုင် ၃ရက် တစ်ရက်တည်းမှာ ပြန်ပေးဆွဲမှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။

သတင်း

စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ