Connect with us

Hi, what are you looking for?

News

KNUနှင့် စစ်ကောင်စီတို့၏ ဘားအံမြို့နယ်အတွင်း တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံး

နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုကြောင့် ဘားအံမြို့နယ်အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုမှ ၈ဦးသေဆုံးကာ ​လေးဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဘားအံမြို့နယ်အတွင်း တိုက်ပွဲလေးနေရာ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News က သတင်းဖော်ပြသည်။

KNU/KNLA တပ်မဟာ(၁)နယ်မြေ ဘားအံမြို့နယ်တွင် KNLA တပ်ရင်း(၁)နှင့် စစ်ကောင်စီတို့ ယနေ့မနက် ၇နာရီခန့်က ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုကြောင့် ဘားအံမြို့နယ်အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုမှ ၈ဦးသေဆုံးကာ ​လေးဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ၉ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။