ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဘားအံမြို့နယ်အတွင်း တိုက်ပွဲလေးနေရာ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News က သတင်းဖော်ပြသည်။
KNU/KNLA တပ်မဟာ(၁)နယ်မြေ ဘားအံမြို့နယ်တွင် KNLA တပ်ရင်း(၁)နှင့် စစ်ကောင်စီတို့ ယနေ့မနက် ၇နာရီခန့်က ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုကြောင့် ဘားအံမြို့နယ်အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုမှ ၈ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ၉ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

Public Service Announcement


















































