ဇူလိုင်-၇၊၂၀၂၆။People’s Spring
ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ အီဂျစ်ကို ၇၈ မိနစ်အချိန်ထိ၂ ဂိုး-ဂိုးမရှိနဲ့ရှုံးနေရာမှ အံအားသင့်ဖွယ် လေးမိနစ်အတွင်း ၂ ဂိုးပြန်သွင်းပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းကာ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားပါတယ်။
အာဂျင်တီးနားကဘောလုံးပိုင်ဆိုင်မှုသာပေမယ့် အီဂျစ်ကခံစစ်ကိုပိတ်ပြီးကောင်တာကစားကွက်နဲ့ ကစာတာမှာ အာဂျင်တီးနားအခက်တွေ့ခဲ့ပါတယ်။ပွဲအစ ၁၅ မိနစ်မှာ အီဂျစ်က ပြစ်ဒဏ်ဘောမှတဆင့် အီဗရာဟင်က အဖွင့်ဂိုးစသွင်းခဲ့ပါတယ်။
၅ မိနစ်အကြာမှာအာဂျင်တီးနားပင်နယ်တီရပြီး မက်ဆီကန်သွင်းချက်ကို အီဂျစ် ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ် ။ဒီနေ့ပွဲမှာ အီဂျစ်ဂိုးစမားအထူးလက်စွမ်းပြခဲ့ပြီး ဂိုးကန်သွင်းမှုများစွာကို ကာကွယ်နိုင်ခဲ့ပါတယ်။

Public Service Announcement
၅၈ မိနစ်မှာ အီဂျစ်က ကောင်တာကတစ်ဆင့်ဂိုးထပ်ရပေမယ့် အီဂျစ်ကွင်းဘက်ခြမ်းမှာ မာတီနက်စ်အပေါ် ပြစ်ဒဏ်ကျူးလွန်တာကို VAR ပြန်ကြည့်ပြီး ဂိုးကိုပြန်ပယ်ဖျက်ခဲ့ပါတယ်။အာဂျင်တီးနား ချေပဂိုးရဖို့ တိုက်စစ်ဆင်နေရင်း ၆၇ မိနစ်မှာ အာဂျင်တီးနားထောင့်ကန်ဘောကိုဖျက်ရာမှ ကောင်တာမှတဆင့် အီဂျစ်ကဒုတိယဦးဆောင်ဂိုးသွင်းယူလိုက်ပါတယ်။
အီဂျစ်က ၂ ဂိုးပြတ်နိုင်နေပြီး ပွဲပြီးဖို့တဖြည်းဖြည်းနီးလာတာကြောင့် အာဂျင်တီးနားဖိအားပိုများလာပါတယ် ။၇၉ မိနစ်မှာ မက်ဆီက ညာခြမ်းကနေ ဖြတ်တင်ပေးမှုကို ရိုမဲရိုက ခေါင်းတိုက်ပြီးချေပဂိုးရခဲ့ပါတယ်။ ချေကဂိုးတစ်ဂိုးရပြီးဆက်တိုက်ဖိကစားတာမှာ မက်ဆီပင်နယ်တီ ဧရိယာထဲဆွဲဝင်ပြီးဖန်တီးပေးတာကို မာတီနက် အနီးကပ်ပိတ်သွင်းတာ ကပ်လွဲခဲ့ပါတယ်။
၈၃ မိနစ်မှာ မက်ဆီက သူဖန်တီးပေးတဲ့ဘောလုံး ပျက်ပြီးပြန်ထွက်လာတာကို ဂိုးဧရိယာထဲမှာ ထောင့်ဖြတ်ကန်သွင်းယူခဲ့ပါတယ်။ ၂ ဂိုးစီသရေဖြစ်သွားတာကြောင့် အာဂျင်တီးနားက ကစားကွက်အရှိန်အနည်းငယ်လျှော့လိုက်တာနဲ အီဂျစ်ကတိုက်စစ်ဆင်ရင်း ၉၁ မိနစ်ကျော်မှာ မိုဟာမက်ဆာလာနဲ့ နောက်ခံလူမာတီနက်စ်ဘောလုံးယှဥ်လုရင်းရသွားတာကနေ အာဂျင်တီးနားကကောင်တာကတဆင့် တိုက်စစ်မှူးမာတီနက်စ် ဖြတ်တင်ပေးတာကိုအန်ဇိုဖာနန်ဒက်စ်က ၉၂ မိနစ်မှာ အနိုင်ဂိုးသွင်းလိုက်ပါတယ်။ကျန်ပွဲချိန်တွေမှာ အာဂျင်တီးနားကအနိုင်ရလဒ်ကိုထိန်းပြီး ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။ပွဲအတွင်း ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်လို့ကန့်ကွက်တာကြောင့် အီဂျစ်နည်းပြအဖွဲ့ဝင် ၁ ယောက်အနီကတ်ထိသလို ၊နည်းပြလည်းအဝါကတ်ထိခဲ့ပါတယ် ။
မိုဆာလာအတွက်တော့ နေမာ ၊မိုဒရစ် ၊ရော်နယ်ဒိုတို့ပြီးရင် ပြိုင်ပွဲကထွက်ရတဲ့နာမည်ကြီးကစားသမားဖြစ်လာပါတယ်။
ပွဲအပြီးမှာ ရှုံးရာကနေ အံအားသင့်ဖွယ်ပြန်လာနိုင်ပြီး အနိုင်ရခဲ့တာကြောင့် မက်ဆီဟာစိတ်လှုပ်ရှားပြီး ငိုကြွေးနေခဲ့တာကိုအသင်းဖော်တွေကဝိုင်းနှစ်သိမ့်ပေးခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ချန်ပီယံ ရှုံးခဲ့ရင် ပင်နယ်တီမဝင်ခဲ့တာကြောင့် အပြစ်တင်ခံရမယ့်အခြေအနေကနေ ပွဲပြီးခါနီးမှာ မက်ဆီရဲ့ မော်ဆန်တဲ့အခိုက်အတန့် အနည်းငယ်က တစ်ဂိုးဖန်တီးပေးနိုင်ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အကောင်းဆုံးကစားသမားဆုကို မက်ဆီကပဲရခဲ့ပါတယ်။ဒါကြောင့် လက်ရှိကမ္ဘာ့ဖလားမှာ ပွဲစဥ်အလိုက်အကောင်းဆုံးကစားသမားဆု ၄ ကြိမ်ရခဲ့သလို သွင်းဂိုးစုစုပေါင်း ၈ ဂိုးနဲ့ သွင်းဂိုးအများဆုံးဖြစ်နေပါတယ်။ဒါပေမယ့်သြစတြီးယားနဲ့ပွဲမှာလည်းပင်နယ်တီမဝင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်း ပင်နယ်တီ ၂ ကြိမ်လွဲတဲ့ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားသွင်းဂိုး ၂၁ ဂိုးနဲ့အများဆုံးစံချိန်ထပ်တင်ခဲ့သလို ၊ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဂိုးဖန်တီးမှု ၉ ကြိမ်နဲ့ အများဆုံးစံချိန်တင်ခဲ့ပါတယ်။
“ဘယ်လောက်တောင် အံသြဖို့ကောင်းတဲ့ကစားသမားတွေလဲ ။ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ဆေားရီးပါ။ ဒီလောက်ပဲ ကျွန်တော် သွားတော့မယ်။”လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက စိတ်လှုပ်ရှားနေတာကြောင့်ပွဲအပြီး မှတ်ချက်အနည်းငယ်ပဲ ပြောခဲ့ပါတယ် ။
အာဂျင်တီးနားဟာ ကွာတားဖိုင်နယ်မှာ ကိုလံဘီယာ-ဆွစ်ဇာလန်ပွဲကအနိုင်ရသူနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။


















































