Connect with us

Hi, what are you looking for?

ဆောင်းပါး

တပါးသူအသက်ကယ်တင်ဖို့ မီး​တောက်ထဲ​ဝင်ရဲသူ

ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ A လမ်းနဲ့ ၆၇ A လမ်းထောင့်က ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ဧက/People’s Spring

ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ A လမ်းနဲ့ ၆၇ A လမ်းထောင့်က ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အိမ်ကြီးအိမ်ကောင်းတွေ၊ခြံကြီးခြံကျယ်တွေ ရှိတဲ့ရပ်ကွက်မို့ အခြေခံလူတန်းစားမရှိတဲ့ ရပ်ကွက်မို့ လူ အနေနည်းကြောင်း မြို့ခံတွေက ပြောပါတယ်။

အဲဒီဂိုဒေါင်ဟောင်းမှာ အစောင့် အလုပ်လုပ်နေကြတာက အသက် ၆၄ နှစ်အရွယ် ဦးတင်ထွန်းနဲ့ သူ့ဇနီး အန်တီဆွေပါ။မီးစ​လောင်​လောင်ချင်းအနီးဝန်းကျင်ကလူတွေထွက်ကြည့်ကြတယ်။ မီဲဲးခိုးလုံးတွေက မြင်မကောင်းအောင် အူထွက်နေခဲ့တယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန်မှာပဲ စွပ်ကျယ်အဖြူနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့ အမျိုးသားတစ်ဦး ရောက်ရှိလာတယ်။ သူ့နာမည်က ဦးချိုတဲ့။ တကယ်တော့ ဦးချိုလည်း လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး။ အသက်က ၆၆ နှစ်ရှိပြီး နေ့ခင်းဘက် ကြုံရာ အလုပ်လုပ် ၊ ညဘက် ကော်ဖီဆိုင်မှာ လုံခြုံရေး လုပ်သူပါလို့ ဦးချိုကို ဂုဏ်ပြုခဲ့တဲ့လူမှူကူညီရေးအသင်းက ရေးသားထားပါတယ်။

ဦးချိူဟာ သား ၊ ဇနီး တို့နဲ့ အတူ သမန်းကုန်းရပ်ငကွက် ၁၁၇လမ်းနဲ့ ၅၆လမ်းထောင့်အနီးမှာ နေထိုင်သူဖြစ်ပါတယ်။ ဦးချိုက အနီးနား ကော်ဖီဆိုင်မှာ ညစောင့်လုပ်နေလို့မီးလောင်တော့ ထွက်ကြည့်ရင်း ရောက်လာခဲ့တာ။

မီးလောင်နေတဲ့ ဂိုဒေါင်ထဲမှာ သက်ကြီးဘိုးဘွားလင်မယား ရှိနေတယ်လည်းဆိုရော သူနဲ့လည်း လုံးဝမသိပေမဲ့ ဝင်ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ဦးချိုဟာ အနီးနားက ရေကန်ကနေ သူ့ကိုယ်ပေါ် ရေလောင်းချပြီး ဂိုဒေါင်ထဲကို ပြေးဝင်သွားတယ်။

ပထမဆုံး အမေကြီးကို တွေ့လို့ အရင်ခေါ်ထုတ်တယ်။ အမေကြီးအပြင်ရောက်တော့ သူနောက်တစ်​ကြိမ် မီးထဲပြန်ဝင်ပြီး အဘဖြစ်သူကို ရှာတယ်။ မတွေ့ဘူး။ ဒါနဲ့ အမေကြီးကို ထပ်မေးတယ်။ အမေကြီးလက်ညှိုးညွှန်တဲ့ နေရာကို ထပ်ဝင်တယ်။ အဘကို တွေ့တော့ အရေပြားတွေတောင် လန်နေပြီ။ သူဆွဲထုတ်လာတယ်။သူဟာ ကယ်ချင်တာပဲသိပြီး ဘာမှမမြင်တော့ဘူးလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားတယ်။

သူအားကြိုးမာန်တက် ကယ်ဆယ်ခဲ့ပေမဲ့ အဘဖြစ်သူကတော့ ဆေးရုံမှာ ဆေးကုသမှူခံယူနေတုန်းမှာပဲ အသက်ဆုံးပါးသွားတယ်လို့ သိရတယ်။

မီးလောင်ပြင်ထဲကနေ ဘာအကာအကွယ်မှမပါဘဲ ဘိုးဘွားနှစ်ဦးကိူ အသက်စွန့်ကယ်တင်ခဲ့တဲ့ ဦးချိုကို ပြည်သူလူထုက ကျေးဇူးတင်ပြီး ဂုဏ်ယူနေကြပါတယ်။ ခေတ်ပျက်ကြီးထဲ ဒီလိုလူတွေ ကျန်ပါသေးလားဆိုပြီး အားတင်းနေကြပါတယ်။ အာဏာသိမ်းစစ်တပ်​အောက်မှာ တိုင်းပြည်စီးပွား​ရေးပျက် ၊ဒုစရိုက်မှု​တွေထူ​ပြောပြီး တရားဥပ​ဒေစိုးမိုးမှု ယိုယွင်းကာ ဘယ်သူမဆို အချိန်မ​ရွေး အသတ်ခံရနိူင်၊ လုယက်ခံရနိုင်၊ စစ်သားသစ်စု​ဆောင်းခံအ​ခြေအ​နေမှာ ၊​ငွေ​​ဖောင်းပွပြီး အ​ထွေ​ထွေကုန်​ဈေးနှုန်း​တွေကြီးတာမို့ပြည်သူ​တွေ မ​သေရုံတမယ် စားနိုင်ဖို့ ရုန်းကန်​နေရတာ​ကြောင့် ဖိအား​တွေ​ပေါင်းစုံ​အောက်မှာတပါးသူအတွက် ကိုယ့်အသက်ကိုယ်​တောင်

မမှုပဲ ကယ်ဝံ့သူရှိ​နေ​သေးတာဟာ အားတက်စရာဖြစ်ပါတယ် ။စစ်အာဏာရှင်​တွေ​ကြောင့်မြန်မာ့လူအဖွဲ့အစည်းအတွင်း အဆိပ်သင့်​နေ​ပေမယ့် ​ပြည်သူ​တွေထဲမှ ဦးချိုလိုလူ​တွေရှိ​နေတာက ​မျှော်လင့်ချက်မကုန်​သေးဘူးဆိုတာကိုပြသရာ​ရောက်ပါတယ်။

ဦးချိုကိုလည်း ဂုဏ်ပြုကြဖို့ တိုက်တွန်းနေကြပြီး လက်ရှိလည်း ဦးချိုကိုငွေသားလာရောက်ဂုဏ်ပြုတာ၊ မီးဘေးသင့်ဂိုဒေါင်စောင့်ဘိုးဘွားကို လှူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။