Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ အနည်းငယ် အားပျော့သွားပြီး တရုတ် ကမ်းရိုးတန်းဆီ ဦးတည်နေ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။

တိုင်ဖွန်းရဲ့ မူလလမ်းကြောင်းဟာ ထိုင်ဝမ်ကျွန်း မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရုတ် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဆီ ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၁၀ ရက်နေ့မှာတော့ မုန်တိုင်းရဲ့ လမ်းကြောင်းက မြောက်ဖက်ဆီ နည်းနည်းပိုရွေ့သွားပြီး ဖူကျန်းနဲ့ ရှင်းကျန်း ပြည်နယ်တွေကြားကနေ တရုတ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ဖွယ် ရှိနေပါတယ်။

ဘာဗီမုန်တိုင်းဟာ ဇူလိုင် ၁၁ ရက် ညပိုင်း၊ ဒါမှမဟုတ် ၁၂ ရက်နေ့ မနက် အစောပိုင်းလောက်မှာ တရုတ် ကမ်းရိုးတန်းကို စတင် ဖြတ်သန်းဖွယ် ရှိနေပါတယ်။ ဇူလိုင် ၁၀ ရက် မနက်ပိုင်းထိ အခြေအနေမှာတော့ ဘာဗီဟာ ထိုင်ဝမ်ရဲ့ အရှေ့တောင်ဖက် ၆၅၀ ကီလိုမီတာလောက်မှာ ဖြည်းဖြည်းနဲ့မှန်မှန် ဆက်လက် ရွေ့လျားနေပါတယ်။

ဘာဗီရဲ့ လေတိုက်နှုန်းဟာ ၂၄ နာရီအတွင်း သိသိသာသာ ကျဆင်းသွားပေမယ့် အရွယ်အစား ပမာဏကတော့ အရမ်းကြီးကြီးမားမား ရှိနေဆဲပါ။ မုန်တိုင်းတစ်ခုလုံးရဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ဟောင်ကောင်မြို့ထက် ၁၂၆၃ ဆထိ ပိုပြီးတယ်လို့လည်း တောင်တရုတ်နေ့စဉ် (SCMP) သတင်းစာက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ကီလိုမီတာ ၁၄၀ ဝန်းကျင်မှာ ရှိနေပေမယ့် တရုတ် ကမ်းရိုးတန်းနား ချဉ်းကပ်ချိန်မှာ တစ်နာရီ လေတိုက်နှုန်း ၈၅ ကီလိုမီတာကနေ ၄၅ ကီလိုမီတာထိ ဆက်လက် ကျဆင်းသွားနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်တို့မှာတော့ မုန်တိုင်းအကြို ပြင်ဆင်မှုတွေကို အပူတပြင်း လုပ်ဆောင်နေပြီး မုန်တိုင်းဒဏ် အဆိုးဆုံး ကြုံနိုင်တဲ့ ဧရိယာတွေမှာ ကျောင်းတွေ ပိတ်ထားဖို့ ညွှန်ကြားထားသလို လေယာဉ် ခရီးစဉ် တချို့ကိုလည်း ဖျက်သိမ်းစေခဲ့ပါတယ်။

တရုတ်မှာတော့ မုန်တိုင်းလမ်းကြောင်း ဦးတည်နေတဲ့ နေရာတွေမှာ ဒေသခံတွေ အနေနဲ့ မိုးလေဝသ သတင်းတွေကို အချိန်နဲ့ တပြေးညီ အာရုံစိုက်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပြီး ငါးဖမ်းလှေတွေကိုလည်း လတ်တလော ပင်လယ်ပြင် မထွက်ဖို့ သတိပေးထားကြောင်း သိရပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။