Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းကို ရောက်လာတဲ့ မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို ရှီကျင့်ဖျင် တွေ့ဆုံ

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က ဘေဂျင်းမှာရှိတဲ့ တရုတ်ပြည်သူ့ ခန်းမဆောင်မှာ ဝန်ကြီးချုပ် ပက်ခ်တေဆွန်းကို ရှီက လက်ခံ တွေ့ဆုံခဲ့တာပါ။ ပြီးတော့ နိုင်ငံတကာ အခင်းအကျင်းတွေက ခန့်မှန်းရခက်တဲ့ ပြောင်းလဲမှုတွေ၊ လှုပ်ခတ်မှုတွေ ပိုမို ပြင်းထန်လာနေတဲ့ အခြေအနေကြောင့် တရုတ်နဲ့ မြောက်ကိုရီးယားတို့ကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို အားဖြည့် လုပ်ဆောင်ဖို့ လိုကြောင်းလည်း ရှီက ပက်ခ်ကို ပြောဆိုခဲ့ပါတယ်။

ရှီဟာ လွန်ခဲ့တဲ့ ၆၅ နှစ်က ချုပ်ဆိုခဲ့တဲ့ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ဖေးမကူညီမှု သဘောတူ စာချုပ်ရဲ့ အရေးပါမှုကိုလည်း ဧည့်သည်တော် ဝန်ကြီးချုပ်ဆီ ထပ်လောင်း မီးမောင်းထိုးပြခဲ့ကြောင်း တရုတ် အစိုးရပိုင် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီစာချုပ် လက်မှတ်ရေးထိုးတဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင် ၁၁ ရက်နေ့ မတိုင်ခင်မှာ ပက်ခ်က တရုတ်ကို ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ရဲ့ အနှစ်ချုပ် ဆိုလိုရင်းကတော့ နိုင်ငံတစ်ခုက ကျူးကျော် စစ်ပြုခံရရင် တခြားနိုင်ငံကလည်း ကူညီတိုက်ခိုက်ပေးမယ်လို့ ကတိပြုထားတာပါ။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုယ်ပိုင် အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးစီးပွားတွေကို အသီးသီး မမှိတ်မသုန် ကာကွယ်ရမှာ ဖြစ်တယ်လို့လည်း ရှီက ပက်ခ်ကို ပြောကြားခဲ့ပါတယ်။

ပက်ခ်ကလည်း မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းဟာ နှစ်နိုင်ငံ ပေါင်းကူးပတ်သက်မှုတွေကို အားအကောင်းဆုံး မဟာဗျူဟာ ဆက်ဆံရေး အဆင့်ထိ မြှင့်တင်ဖို့ လိုလား တိုက်တွန်းပါကြောင်း ရှီကို တင်ပြခဲ့ပါတယ်။

ဇွန်လတုန်းက ရှီဟာ ၇ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြောက်ကိုရီးယားဆီ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပါတယ်။

ပက်ခ်ဟာ ဇူလိုင် ၁၂ ရက်နေ့ထိ တရုတ်မှာ ဆက်ရှိနေမှာ ဖြစ်သလို နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုမှု ၆၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကိုလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မှာ ဖြစ်သလို ပိုပြီးကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ အားဖြည့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။