Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

လက်တွေ့ဘဝထဲက ရှင်သန်ခြင်း

The Secret Life of Walter Mitty (2013)

-ဝဇီရာ ရေးသည်

Walter Mitty ဟာ နာမည်ကျော် Life မဂ္ဂဇင်းတိုက်မှာ Negative ဖလင်တွေကို စီစစ်ထိန်းသိမ်းရတဲ့ ဝန်ထမ်းတစ်ဦးပါ။ သူ့ဘဝက အရမ်းရိုးရှင်း၊ ငြီးငွေ့စရာကောင်းပြီး လူအများကြားမှာ သတိမထားမိလောက်အောင် အေးအေးဆေးဆေး နေတတ်သူ ဖြစ်ပါတယ်။ ပြင်ပမှာ တည်ငြိမ်သူကြီးဖြစ်ပေမဲ့ Walter ဟာ အင်မတန် စိတ်ကူးယဥ်တတ်သူပါ။ နေ့စဥ်ဘဝရဲ့ ငြီးငွေ့စရာအလုပ်တွေရဲ့ ဖိအားတွေရှိလာရင် သူစိတ်ကူးယဥ်လိုက်တာပဲ။ သူ့စိတ်ကူးထဲမှာတော့ သူဟာ အန္တရာယ်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တဲ့ သူရဲကောင်းတစ်ယောက်ပေါ့။

တ​နေ့တော့ Walter တို့တတွေ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့ရဲ့Life မဂ္ဂဇင်းကြီးကို စာအုပ်အဖြစ် မထုတ်တော့ဘဲ အွန်လိုင်း (Digital) စနစ်ပြောင်းဖို့အတွက် ကုမ္ပဏီက ဝန်ထမ်းအင်အား အကြီးအကျယ် လျှော့ချဖို့ စီစဥ်နေတယ်။

ဖြစ်ချင်တော့ Life မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ဝေမယ့် မျက်နှာဖုံးအတွက် သတ်မှတ်ထားတဲ့၊ နာမည်ကြီးဓာတ်ပုံဆရာ Sean O’Connell ပို့လိုက်တဲ့ အရေးကြီးဆုံး ဖလင်နံပါတ် (၂၅) ပျောက်ဆုံးနေတယ်။

Public Service Announcement

Public Service Announcement

Walter ဟာ Life မဂ္ဂဇင်းတိုက်မှာ ၁၆ နှစ်လုံးလုံး အလုပ်လုပ်ခဲ့တာပါ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူဟာ ဖလင်ပေါင်း သန်းနဲ့ချီပြီး ကိုင်တွယ်ခဲ့ရပေမယ့် တစ်ပုံမှ မပျောက်ပျက်၊ မပျက်စီးအောင် တာဝန်ကျေပွန်ခဲ့တဲ့ မှတ်တမ်းကောင်း ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် Walter တစ်ယောက် ဒီပြဿနာကို ဖြေရှင်းပြီး သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ လုပ်ငန်းခွင်သမိုင်းကြောင်းကို အပြစ်အနာအဆာမရှိ သန့်သန့်ရှင်းရှင်း အဆုံးသတ်ချင်တဲ့အတွက် ဓာတ်ပုံဆရာနောက် လိုက်ပါတော့တယ်။

တခါက စိတ်ကူးပဲယဥ်နေတဲ့ Walter တစ်ယောက် မူးရူးနေတဲ့ ရဟတ်ယာဥ်မောင်းနဲ့လည်း လိုက်လိုလိုက်ရ၊ လှိုင်းကြီးပြီး ငါးမန်းတွေရှိတဲ့ ပင်လယ်ထဲလည်း ခုန်ဆင်းလိုဆင်းရ၊ စကိတ်နဲ့လည်း ခရီးနှင်လိုနှင်ရ၊ မီးတောင်ပေါက်လို့ ပြေးလိုပြေးရ၊ အာဖဂန်နစ္စတန်နဲ့ ဟိမဝန္တာတောင်တန်းပေါ် ရောက်လိုရောက်ရ။ Walter တစ်ယောက် သူ့ပရိုဖက်ရှင်နယ်အပေါ် လေးစားလိုက်ပုံများ။

ခရီးစဉ်တွေတစ်လျှောက်မှာ Walter ဟာ အရင်ကလို ရုံးခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်ကူးယဉ်နေတဲ့သူ မဟုတ်တော့ပါဘူး။ သူကြုံတွေ့ခဲ့ရတဲ့ တကယ့်လက်တွေ့ အန္တရာယ်တွေ၊ အခက်အခဲတွေက သူ့ကို ကြောက်ရွံ့မှုကို အံတုတတ်တဲ့၊ ဘဝကို တကယ် ရှင်သန်ရဲတဲ့ လူတစ်ယောက် အဖြစ် အပြီးတိုင် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဓါတ်ပုံဆရာနဲ့ Walter ဆုံကြပါပြီ။ နောက်ဆုံးထုတ် မဂ္ဂဇင်းရဲ့ ကာဗာအတွက် ဖလင်ကို ရဖို့ Walter အများကြီး ကြိုးစားခဲ့တယ်။ ရမယ့်ရတော့လည်း နီးနီးလေးမှာပါလား။ Life မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်စာအုပ်လေး ထွက်လာခဲ့ပြီ။ စာအုပ်အဖုံးကြည့်ရင်း Walter ရော၊ Walter သဘောကျနေတဲ့ ကောင်မလေးရော အံ့အားတွေသင့်လို့။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးဓာတ်ပုံဟာ တခြားမဟုတ်ဘဲ မဂ္ဂဇင်းတိုက်ရှေ့မှာ ဖလင်တွေကို စူးစိုက်ကြည့်နေတဲ့ Walter Mitty ရဲ့ ပုံရိပ်ဖြစ်နေလို့ပါပဲ။

ဘဝရဲ့ အနှစ်သာရဆိုတာ တကယ်တော့ အဝေးကြီးမှာ မရှိဘဲ မိမိလုပ်စရာရှိတဲ့ အလုပ်ကို တန်ဖိုးထားပြီး လေးလေးနက်နက် လုပ်ဆောင်နေတဲ့ အခိုက်အတန့် ထဲမှာပဲ ရှိနေတယ်ဆိုတာကို သက်သေပြလိုက်တာပါ။

အက်ရှင်ကားတွေထဲကလို ကမ္ဘာကြီးကို ကယ်တင်မှ သူရဲကောင်း မဟုတ်ပါဘူး။ မိမိကျရာနေရာမှာ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ဖြည့်ဆည်းပေးနေတဲ့၊ လောကကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှဆင်​နေကြတဲ့ နောက်ကွယ်က သာမန်လူတွေဟာလည်း တကယ့် ဟီးရိုးတွေပဲဆိုတာကို ပြလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

သူ့နာမည်က ရှင်းအီရန်းပါ။ သူက ဥပဒေစာမေးပွဲအောင်မြင်ထားပေမဲ့ သူ့ရဲ့ဖခင်ဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ အစိုးရရှေ့နေဖြစ်တာကြောင့် ဘယ်ဥပဒေလုပ်ငန်းစုတွေကမှ သူ့ကို အလုပ်မခန့်ခဲ့ပါဘူး။ နောက်တော့ ရှင်းအီရန်းဟာ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုရအောင်ဖွင့်ပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ဖို့ ကြိုးစားပါတော့တယ်။

ရုပ်ရှင်ခံစားမှု

ကောင်မလေးနာမည်က အိုကိုပါ။ အသက်ကတော့ ၁၂ နှစ်ရှိပါပြီ။ တချိန်ကတော့ သူ့မှာဖေဖေနဲ့မေမေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိုကိုတို့ ခရီးတစ်ခုကအပြန် ကားမတော်တဆတိုက်ပြီး ဖေဖေကော မေမေ့ကိုပါ အိုကို ဆုံးရှုံးလိုက်ရတယ်။

ရုပ်ရှင်ခံစားမှု

In Time (2011)

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)