Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်မှာ အီရန်တိုက်ခိုက်မှုအပြီး အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ နှစ်ရက်အတွင်း တတိယမြောက် သေဆုံးမှုဖြစ်

အီရတ်နိုင်ငံမှာ အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - CENTCOM

အီရတ်နိုင်ငံမှာ အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက် မနက်ပိုင်းတုန်းက မြောက်ပိုင်းအီရတ်မှာရှိတဲ့ အမေရိကန် ပစ်မှတ်တစ်ခုကို အီရန်က တိုက်ခိုက်ခဲ့တဲ့နောက် ကြွင်းကျန်နေတဲ့ ခဲယမ်းလက်နက်ကို ရှင်းလင်းဖို့ ကြိုးစားရင်း အမေရိကန် တပ်ဖွဲ့ဝင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်တုန်းကလည်း ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမေရိကန် စစ်သား နှစ်ဦးသေပြီး တစ်ဦး ပျောက်ဆုံးခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား ပဋိပက္ခတွေ ပြန်လည်ဆူပွက်လာတဲ့ အခြေအနေအတွင်း အမေရိကန်စစ်တပ်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ စစ်သည်တွေထဲက သုံးဦးကို နှစ်ရက်အတွင်း ဆုံးရှုံးခဲ့တာပါ။ တစ်ဖက်မှာတော့ ဇူလိုင် ၁၉ ရက် ညပိုင်းတုန်းက အမေရိကန်ဟာ အီရန်ပိုင်နက်ထဲမှာ ၁၀ ညဆက်တိုက်အဖြစ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အီရန်မှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတစ်ခုမှာ ပါလာတဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်ကို ထိန်းချုပ်ဖောက်ခွဲဖို့ ကြိုးစားရင်း တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဇူလိုင် ၁၇ ရက်နေ့တုန်းက ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု နေရာရဲ့ အပျက်အစီးတွေ အောက်မှာ ရှာဖွေရင်း ဘယ်သူဘယ်ဝါ မသိရသေးတဲ့ လူသားရုပ်ကြွင်းတွေ ရှာတွေ့ခဲ့ကြောင်းလည်း CENTCOMက ထုတ်ပြန်ပါတယ်။ ဒီတွေ့ရှိမှုဟာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်သည်နဲ့ ဆက်နွှယ်သလား ဆိုတာကိုတော့ CENTCOMက အတည်မပြုသေးဘဲ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေး အတည်ပြုနိုင်ဖို့ ဆက်လက် လုပ်ဆောင်နေဆဲလို့ပဲ ပြောကြားသွားပါတယ်။

အမေရိကန်က အီရန်ပိုင်နက်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ပါတယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

CENTCOMက အီရန်မှာ ဇူလိုင် ၁၉ ရက်နေ့က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ဟောမုဇ်ရေလက်ကြားထဲ ဖြတ်သန်း ခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေအပေါ် အီရန်ရဲ့ ရန်လို တိုက်ခိုက်နိုင်စွမ်းကို ထိထိရောက်ရောက် လျှော့ချနိုင်ဖို့၊ ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် အဓိက တာဝန်ရှိတဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကို ထိထိရောက်ရောက် ပြစ်ဒဏ်ခတ်ဖို့ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်စစ်ပွဲ စတင်ချိန် ကတည်းက အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့ အတည်ပြု အရေအတွက်ဟာ အခုဆိုရင် ၁၇ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။ လဆန်းပိုင်းတုန်းက ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန် ရေတပ် လေယာဉ်မှူး တစ်ဦးကိုလည်း အခုတော့ သေဆုံးပြီလို့ သတ်မှတ်ပြီး သေဆုံးစာရင်းထဲ ထည့်သွင်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဇနီးသည်က သားလေးတစ်ဦး မွေးဖွားပေးခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။