Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ သွင်းကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်စေဖို့ ထရမ့် အမိန့်ပေး

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ ပို့ကုန်တွေဖြစ်တဲ့ မော်တော်ကားတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ယမကာတွေအပေါ် ကနေဒါက ကုန်သွယ်ရေးအရ မမျှမတ ကိုင်တွယ် ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထရမ့်က အခုလို အခွန်တိုးကောက်စေခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့မှာ ထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ အထူးအမိန့်အရ အခွန်စည်းကြပ်မှု အသစ်တွေဟာ ရက်ပေါင်း ၃၀ အတွင်း စတင် အသက်ဝင်လာမှာပါ။ ဒါဟာ မြောက်အမေရိက ဒေသတွင်း အိမ်နီးချင်း နိုင်ငံနှစ်ခုကြားမှာ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာစေမယ့် တွန်းအားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးကတော့ လာမယ့် သီတင်းပတ်တွေမှာ ကနေဒါဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကို အရှိန်အဟုန် မြှင့်တင်သွားဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ ညွှန်ကြားချက်အရ အခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်ခံရမယ့် ကနေဒါ ကုန်စည်တွေထဲမှာ နေ့စဉ် လူသုံးကုန် ပစ္စည်းတွေကစလို့ လုပ်ငန်းသုံး ဘိလပ်မြေတွေထိ အမျိုးမျိုး ပါဝင်ပါတယ်။ ဒါပေမဲ့ စွမ်းအင်၊ မဟာဗျူဟာ ဓာတ်သတ္တု ပစ္စည်းတွေနဲ့ ငါးလိုမျိုး ကုန်စည်တွေကတော့ အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့် အစီအစဉ်ကနေ ကင်းလွတ်ခွင့် ရပါတယ်။

ထရမ့်ဟာ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တာကို မဟာမိတ်တွေ အပေါ်မှာရော၊ ပြိုင်ဘက်တွေ အပေါ်မှာပါ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ အသာစီး ယူနိုင်မယ့် နည်းလမ်းအဖြစ် လက်ကိုင်ပြုခဲ့ပါတယ်။ အခွန်တိုးကောက်ခံရတဲ့ ကုန်စည်တွေဟာ အမေရိကန်မှာ စျေးကွက်ဖြန့် ရောင်းချတဲ့အချိန် စျေးတင်ရောင်းရတာကြောင့် ဝယ်လိုအား ကျဆင်းသွားလေ့ ရှိပြီး တင်ပို့တဲ့ နိုင်ငံအတွက် အခက်ကြုံစေပါတယ်။

ကာနေးကတော့ အခုလို အခွန်တိုးမြှင့် စည်းကြပ်မှုတွေဟာ အမေရိကန်-ကနေဒါ-မက္ကဆီကို သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်မှာ (USMCA) သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ စီစဉ်လာတာဟာ သုံးနိုင်ငံ သဘောတူညီချက်ကို ချိုးဖောက်နေတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ တစ်ဖက်သတ် လုပ်ဆောင်မှုတွေထဲက နောက်ဆုံးအခြေအနေတွေ ဖြစ်လာကြောင်း ကာနေးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာသင့်တယ်လို့ အတိအလင်း ပြောဆိုဖူးတာကို ရည်ညွှန်းပြီး ရေရှည်မှာ ကနေဒါ အချုပ်အခြာ အာဏာကိုတောင် ခြိမ်းခြောက်ခံရတာမျိုး ဖြစ်လာနိုင်တယ်လို့ ကာနေးက သတိပေးထားပါတယ်။

အစောပိုင်းတုန်းက ထရမ့်ဟာ ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန် မြောက်ပိုင်း နယ်မြေတွေမှာ လေထုညစ်ညမ်းတာကို အကြောင်းပြုပြီး ကနေဒါအပေါ် အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ကနေဒါဟာ သစ်တောနဲ့ သဘာဝ အရင်းအမြစ်တွေကို သေချာ စီမံခန့်ခွဲမှု မရှိလို့ အမေရိကန်ပါ နစ်နာရတယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၀ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သူ့ရဲ့ အထူးအမိန့်ထဲမှာတော့ ကနေဒါ တောမီးနဲ့ ပတ်သက်လို့ ထည့်သွင်း ရည်ညွှန်းထားတာမျိုး လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook