Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၁၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့မှ ဒေသခံပြည်သူတွေကို တော်လှန်ရုပ်ရှင် ပြသခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

တော်လှန်ရုပ်ရှင်ပြသခဲ့ပြီးနောက် ဒေသခံပြည်သူလူထုကို တော်လှန်ရေးရဲ့ အရွေ့တိုင်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင် ဘုတလင်မြို့နယ်မှာလည်း ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သစ်ပင်စိုက်ပျိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယင်းနောက် သပိတ်ကော်မတီဝင်တွေနဲ့ ကျောင်းသားပြည်သူ​တွေက စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

ဓာတ်ပုံ – GSCB ၊ လက်ပံတောင်းတောင်ပင်မသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက "အာဇာနည်တိုင်း သမိုင်းမသေ"ဆိုတဲ့ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook