Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီလား?

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)

– ခါဂါဘို ရေးသားသည်။

“ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီလား?”

ဒီမေးခွန်းဟာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ကြားရုံနဲ့ပင် နာကျင်ဖွယ်ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီမေးခွန်းကိုပဲ The Economist မဂ္ဂဇင်းက ၂၀၂၆ ခုနှစ် ဇူလိုင်ထုတ် အာရှကဏ္ဍရဲ့ ခေါင်းစဉ်အဖြစ် မေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် (၈၁) နှစ်အရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သလို၊ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား​တွေထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ သက်ရှိထင်ရှား ရှိ၊မရှိဆိုတဲ့ မေးခွန်းဟာ မြန်မာနိုင်ငံ နယ်နိမိတ်ကိုကျော်လွန်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှု တစ်ရပ် ဖြစ်လာနေပါတယ်။

ဒီလို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကတော့ ယနေ့အထိ လုံးဝနီးပါး မရှိသလောက်ပါပဲ။

သူမရဲ့ လက်ရှိကျန်းမာရေး၊အသက်ရှင်လျက် ရှိနေကြောင်းနဲ့ ဘယ်နေရာမှာထိန်းသိမ်း ထား

ကြောင်းတို့ကို မိသားစုဝင်တွေ၊ နိုင်ငံတကာ ကိုယ်စားလှယ်တွေက တွေ့ဆုံ အတည်ပြုနိုင်တဲ့ အခွင့်အရေးလည်း မရှိသလို၊ လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ ဘယ်သက်သေ အထောက်အထား တစ်စုံတစ်ရာမျှ မပြသေးဘဲ ပြောဆိုနေခြင်းကြောင့် မြန်မာပြည်သူတွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အထူးစိုးရိမ် နေကြရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာဖမ်းဆီးခံရပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ သူမကို နောက်ဆုံး တရားဝင်မြင်တွေ့ခဲ့ရတာက ၂၀၂၂ ခုနှစ်အကုန် စစ်ကောင်စီရဲ့ ဟန်ပြတရားခွင်တွေပြီးဆုံးတဲ့အချိန် ဖြစ်ပါတယ်။၂၀၂၂ ခုနှစ်နောက်ပိုင်းကစပြီး သူမကို လုံဝမမြင်ရတော့ပါဘူး။

တခါတရံ သတင်းအစအန တချို့ ထွက်ပေါ်လာခဲ့ပေမယ့် အဲဒီအချက်အလက်တွေကိုလည်း လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာခြင်းနဲ့အတူ ကျန်းမာရေးအခြေအနေ အတွက် စိုးရိမ်မှုတွေလည်း ပိုမို မြင့်တက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းကတော့ “အမေ လက်ရှိအခြေအနေဟာ သတင်းအစအနတောင်မရဘဲ ပျောက်ဆုံးနေသလို ဖြစ်နေကြောင်း” ပြောပါတယ်။ သူဟာ ကမ္ဘာတဝန်း လှည့်လည်ပြီး မြန်မာစစ်အစိုးရထံမှ မိခင်ဖြစ်သူ၏ “သက်ရှိထင်ရှားရှိကြောင်း သက်သေ” (Proof of Life)ကို တောင်းဆိုပေးကြဘို့ သမ္မတများနှင့် ဝန်ကြီးများကို တွန်းအားပေးခဲ့ပါတယ်။

ဒါပေမယ့် ယခုချိန်ထိ လက်တွေ့ကျတဲ့ တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလအတွင်းစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်း ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူမကို တွေ့ခွင့်တောင်းတဲ့ ရှေ့နေတွေကိုတော့ ယခင်လိုဘဲ ခွင့်မပြုခဲ့တာမို့ဒီသတင်းကိုအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီသတင်းနဲ့အတူ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာလည်း ဟောင်းနွမ်းနေတဲ့ ပုံစံဖြစ်ပြီး “အခုလက်ရှိပုံ” လို့ ပြောဆိုခဲ့ပေမယ့်၊ ပုံဟာ ရက်စွဲအတည်မပြုနိုင်သလို အစစ်အမှန် ဟုတ်၊မဟုတ်လည်း မသေချာကြောင်း သူမရဲ့ သားဖြစ်သူက မှန်ကန်မှုကို သံသယရှိသလို ၊ လေ့လာသူတွေက သတိပေး ထားပါတယ်။

အာဆီယံနိုင်ငံတွေ၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျိုလီဘိရှော့ တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ သို့မဟုတ် သူမရဲ့ ကျန်းမာရေးအခြေအနေကို သိရှိခွင့်ရဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ကြပါတယ်။ ဒါ​ပေမယ့်အာဏာသိမ်းစစ်အုပ်စု တာဝန်ရှိသူ​တွေက သူမ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အခြားဘာမျှ မပြောနိုင်ကြောင်း အတိုချုံး ပြန်လည်ဖြေကြား လေ့ရှိပြီး ယနေ့အထိ ယုံကြည်စိတ်ချရတဲ့ သက်သေတစ်ခု မပေါ်ထွက်သေးပါဘူး။

အဲဒီဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ သံတမန်တချို့ရဲ့အဆိုအရ”စစ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို စတင်ထည့်သွင်းပြောဆိုလာချိန်မှာ ဒေါသထွက်တဲ့ ပုံစံနဲ့ တုံ့ပြန်ခဲ့တယ်လို့” ဆိုပါတယ်။

သံတမန်တချို့ကတော့ စစ်ခေါင်းဆောင်ရဲ့တုံ့ပြန်မှုဟာ “ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီ ဒါမှမဟုတ် ကျန်းမာရေးအလွန်ဆိုးရွားနေတာမို့ သက်ရှိထင်ရှားရှိ‌နေကြောင်း သက်သေကို မပြသနိုင်ခြင်း” ဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး စိုးရိမ်နေကြပါတယ်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) မှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ မော်ဂန်မိုက်ကယ်ကတော့ “ဒါကို လျှို့ဝှက်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူး၊သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်အပေါ် မုန်းတီးမှုကြောင့် သူမကို ချစ်ခင်အားကိုးကြတဲ့ မြန်မာပြည်သူလူထုနှင့် ဝေးရာမှာ သီးခြား ထားတာလည်း ဖြစ်နိုင်တယ်” လို့ သုံးသပ်ပါတယ်။

The Economist ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာဒေါ်အောင်ဆန်းစုကြည်ဟာ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပါတယ်။ သူမရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို သဘောတူသူရှိသလို မတူသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အသက် ၈၁ နှစ်ရှိ အကျဉ်းကျခံ နိုင်ငံရေးခေါင်းဆောင် တစ်ဦးရဲ့ အသက်ရှင်နေသလား၊ ကျန်းမာရေး ဘယ်လိုရှိသလဲ ဆိုတဲ့ အခြေခံသတင်း အချက်အလက်တောင် မရနိုင်တဲ့ အခြေအနေ ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်စေတဲ့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို စိုးရိမ်မှုတွေဟာ ထင်မြင်ချက်သက်သက် မဟုတ်ပါဘူး။ သမိုင်းကလည်း ဒီလို စိုးရိမ်ဖို့ အကြောင်းရှိကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ပါတယ်။

အာဏာရှင်စနစ်တွေရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် ယခုဖြစ်ရပ်ဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှန်တကယ် အခြေအနေကို လျှို့ဝှက်ထားတာ၊ ပြင်ပကမ္ဘာက မသိနိုင်အောင် သတင်း အချက်အလက် တွေကို ထိန်းချုပ် ထားတာဟာ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်အစဉ်အဆက် အသုံးပြုလေ့ ရှိတဲ့ ရက်စက်တဲ့ အာဏာတည်ဆောက်ပုံ နည်းဗျူဟာဟောင်းတွေနဲ့ အထူးပင် ထပ်တူ ကျနေတာကို တွေ့ရပါတယ်။

သမိုင်းတစ်လျှောက်မှာ သတင်းအမှောင်ချမှုတွေရဲ့ နောက်ကွယ် ကနေ ဘယ်လောက်အထိ ရက်စက် ကြမ်းကြုတ်တဲ့ အဆုံးသတ်တွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုသမိုင်းမှတ်တမ်းတွေကအထင်အရှားဖော်ပြနေပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးရဲ့ အမှောင်ဆုံး စာမျက်နှာထဲက အသက် ၈၁ အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတစ်ခု သာမက၊ သတင်း အမှောင်ချမှုတွေနဲ့ ပတ်သက်ပြီး သမိုင်းတစ်လျှောက် ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေကို ပြန်လည် သတိရစေတဲ့ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုတစ်ရပ် အဖြစ် ဆက်လက်တည်ရှိ နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃၁,၀၀၀ ကျော် ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၂၂,၅၀၀ ကျော်မှာ ယနေ့အထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း AAPP ရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ စာရင်းမှာ ဖေါ်ပြ ထားပါတယ်။

အလွန်ပူပြင်းတဲ့ ရာသီဥတုအောက်မှာ လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတဲ့အပြင် အခြား ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေကြောင့် ယခုနှစ်အတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀ ဦး ထောင်တွင်းမှာ သေဆုံးခဲ့ကြောင်း AAPP က အတည်ပြုထားပါတယ်။

ကိုးကား- The Economist

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို အတည်ပြု

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

Facebook