Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချင်းမိုင်မှာပျမ်းမျှတစ်နှစ်ကို HIV လူနာဦးရေ ၇၀၀ ခန့်တိုးနေ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

ဇူလိုင် – ၂၈ ၊၂၀၂၆

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

ချင်းမိုင်မှာ ပျမ်းမျှ တစ်နှစ်ကို HIV လူနာဦးရေ ၇၀၀ ခန့်တိုးနေပြီး လောလောဆယ် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၃,၉၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

ပြီးတော့ အဲဒီဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်ကလို အလုပ်အကိုင်၊ လူ့အဖွဲ့အစည်း ကွဲပြားခြားနားမှုတွေအပေါ် မူတည်တာမျိုး မရှိတော့ဘဲ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းပေါင်းစုံ၊ အလွှာပေါင်းစုံကို ပျံ့နှံ့ ရောက်ရှိလာတယ်လို့ ချင်းမိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ HIV ကူးစက်မှုတွေကို အဓိက ထိခိုက်ခံစားရနိုင်ခြေ အမြင့်ဆုံးက ရွှေ့ပြောင်းလုပ်သားတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်ဝင်တွေလို့ ဆိုပါတယ်။ အဲဒီလိုမျိုး အန္တရာယ် အများဆုံး လူ့အဖွဲ့အစည်းကပဲ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူရရှိဖို့ အတားအဆီးတွေ ကြုံရလေ့ ရှိပါတယ်။

အဲဒီ အတားအဆီးတွေမှာတော့ ဘာသာစကား အခက်အခဲ၊ ကုသခွင့် ခံယူမှုဆိုင်ရာ ကန့်သတ်ချက်တွေ၊ တရားဝင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ၊ ရောဂါပိုးနဲ့ ပတ်သက်လို့ လူထုရဲ့ ရှေးရိုးစွဲဆန်တဲ့ စိုးရိမ်မှုတွေ အကျုံးဝင်ပါတယ်။ အကျိုးဆက်အဖြစ် တချို့တွေဟာ ကုသမှု ခံယူဖို့ နှောင့်နှေးတာ၊ ဒါမှမဟုတ် ကုသမှု မခံယူဖို့ ဆုံးဖြတ်တာမျိုးတွေ ဖြစ်လာပါတယ်။

ကျန်းမာရေး ပညာရှင်တွေ နောက်ထပ် စိုးရိမ်တဲ့ ရှုထောင့်တစ်ခုကတော့ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာ HIV ကူးစက်နှုန်း မြင့်တက်နေတာပါ။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆိုရင်တော့ ကူးစက်မှု အသစ်တွေရဲ့ ပျမ်းမျှ ထက်ဝက်နီးပါး၊ တစ်နည်းအားဖြင့် ၄၉ ရာခိုင်နှုန်း ဝန်းကျင်ဟာ အဲဒီ အသက်အရွယ် အပိုင်းအခြားတွေမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။

ဒါတွေဟာ ခေတ်ကာလအလိုက် လိင်မှုဆိုင်ရာ အမူအကျင့်ပိုင်း ပြောင်းလဲမှုတွေ၊ လူငယ်တွေကြားမှာ HIV တားဆီးရေး အသိအမြင် အားနည်းတာတွေ၊ လူငယ်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကန့်သတ်ချက် ရှိနေတာတွေကြောင့်လို့ ဆိုပါတယ်။

ချင်းမိုင်မှာတော့ ကူးစက်နှုန်း အများဆုံး အသက်အရွယ် အပိုင်းအခြားဟာ အသက် ၂၅ နှစ်နဲ့ ၄၉ နှစ်ကြားမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်မှာ ပြောင်းလဲလာတဲ့ ထိတွေ့ဆက်ဆံမှု ပုံစံသစ်တွေကလည်း ရောဂါကူးစက်မှုတွေကို အားပေးတဲ့ ညွှန်ကိန်းတစ်ခု ဖြစ်လာနေပါတယ်။ ချင်းမိုင်မှာ ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံမှုတွေရဲ့ ၆၁.၉ ရာခိုင်နှုန်းလောက်ဟာ အွန်လိုင်းကနေ ချိတ်ဆက်မိခဲ့တာလို့ သိရပါတယ်။

လိင်တူ ဆက်ဆံမှုတွေဟာ HIVသာ မကဘဲ မျောက်ကျောက်လို တခြားကူးစက်ရောဂါတွေ ပျံ့နှံ့စေတဲ့ အဓိက အကြောင်းတရား တစ်ခုလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီနိုင်စွမ်းမှာ ကွာဟချက်တွေ ကြီးမားနေတာကို လျှော့ချဖို့၊ ပြည်သူလူထုကြားမှာ HIVဆိုင်ရာ ပညာပေး စည်းရုံးမှုတွေ မြှင့်တင်ဖို့၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကနေတဆင့် အသိပညာပေးဖို့၊ ရှေးရိုးစွဲ အမြင်တွေကို ပြောင်းလဲစေမယ့် ကျန်းမာရေး အသိပညာ ဝေမျှမှုတွေ ပိုမိုချဲ့ထွင်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အကြံပြု တိုက်တွန်းထားပါတယ်။

ကိုးကား: – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook