Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နိုင်ငံလုံးအာရုံစိုက်နေတဲ့ကွင်းဆက်လူသတ်မှုကြောင့်ထိုင်းဝန်ကြီး ချုပ်ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သြဂုတ် – ၁ ၊၂၀၂၆

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

အသက် ၂၂ နှစ်အရွယ်ဒိုင်ယာနာ နာဇီဗိုမာနဲ့ အသက် ၁၇ နှစ်အရွယ် ရိုဇီဗိုမာတို့ ပြီးခဲ့တဲ့သီတင်းပတ်ကချွန်ဘူရီမှာပျောက်ဆုံးသွားခဲ့တဲ့နောက် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးအဓိကသံသယရှိသူ ထိုင်းနိုင်ငံသားနှစ်ဦးကို ဇူလိုင် ၃၁ ရက်နေ့မှာ ထိုင်းရဲတွေက ဖမ်းမိခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် သာနာ ကတ်သောင်နဲ့ အသက် ၃၉ နှစ်အရွယ် သောင်ချိုင် ဆရီနေလ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့နောက် သူတို့တွေက ရုရှားမောင်နှမကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုအတွက် ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ဆိုချက်တွေ ရရှိပြီးတဲ့နောက် ရဲတွေဟာ ချွန်ဘူရီမှာ အလောင်းတွေ မြှုပ်ထားတယ်ဆိုတဲ့ ခေါင်ချီချန်နားကနေရာကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

အဲဒီအခါမှာတော့ထိုင်းမိသားစုတစ်စုထဲက ကလေးငယ် အပါအဝင် လူသုံး ဦး ထပ်မံ သတ်ဖြတ် ခံထားရတဲ့ အလောင်းတွေကိုပါ တူးဖော် တွေ့ရှိလာပါတယ်။ လူ ငါးဦးစလုံးကို သာနာကပဲ သတ်ဖြတ်ခဲ့တာလို့ ထွက်ချက်ပေးထားပါတယ်။ အမှုကလည်း ကွင်းဆက် လူသတ်မှုအဖြစ် ပြောင်းလဲလာပါတယ်။

ဩဂုတ် ၁ ရက်နေ့မှာတော့ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ ကိုယ်တိုင် ချွန်ဘူရီကို ရောက်လာပြီး ရုပ်အလောင်းတွေ ရှာတွေ့ထားတဲ့ နေရာတဝိုက်မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာကနဦးကထိုင်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဆူဖန်ဘူရီ ပြည်နယ်ဆီ သွားရောက်နေရာက မူလအစီအစဉ်တွေကို ပြောင်းပြီး ချွန်ဘူရီဆီ ရောက်လာခဲ့တာပါ။

အာဏာပိုင်တွေနဲ့ တွေ့ဆုံချိန်မှာ အနူတင်က ထိုင်းပြည်သူတွေရော၊ နိုင်ငံတကာ ခရီးသွား ပြည်သူတွေ အတွက်ပါ လုံခြုံဘေးကင်းစေဖို့ အစီအမံတွေကို အစွမ်းကုန် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီလို ဆိုးရွားတဲ့ ကိစ္စမျိုးကို သူ့မျက်စိနဲ့ ကိုယ်တိုင် တွေ့မြင်ဖို့ လိုကြောင်း၊ ဘာကြောင့် ဒီလောက် ကြမ်းကြုတ် ရက်စက်တဲ့ လုပ်ရပ်မျိုး ကျူးလွန်သလဲ ဆိုတာကို နားမလည်နိုင်ကြောင်း၊ ဒီလုပ်ရပ်ဟာ နိုင်ငံခြားသားတွေနဲ့ ထိုင်းပြည်သူ သုံးဦးကို သတ်ဖြတ်ပစ်ရုံ သက်သက် မဟုတ်ဘဲ နိုင်ငံတကာ အသိုက်အဝန်း အလယ်မှာ ထိုင်းနိုင်ငံက ကြိုးစားတည်ဆောက်ထားတဲ့ ယုံကြည်မှု အားလုံးကို ဖျက်ဆီးပစ်လိုက်တာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

လူသတ်မှုတွေရဲ့ အဓိက သံသယ တရားခံဖြစ်တဲ့ သာနာက ရုရှားလူငယ် နှစ်ဦးကို ဆိုင်ကယ်လုရာကနေသတ်ဖြတ်ခဲ့ပြီး ထိုင်းမိသားစုကိုတော့ ဓားပြတိုက်ရင်း သတ်ခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ တရားခံတွေရဲ့ ထွက်ဆိုချက်တွေကိုချည်း ယုံကြည်နေမှာ မဟုတ်ဘဲ သေမှုသေခင်း စစ်ဆေးချက်တွေနဲ့ တခြား စုံစမ်းမှုတွေကိုပါ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား – Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

Facebook